မြင်းခြံမြို့က စစ်ကောင်စီ လက်ပါးစေ ပျူ ဂျပ်ပြား ဆိုသူ ပစ်ခတ်ရှင်းလင်းခံရ၊

မြင်းခြံမြို့က စစ်ကောင်စီ လက်ပါးစေ ပျူ ဂျပ်ပြား ဆိုသူ ပစ်ခတ်ရှင်းလင်းခံရ၊

MFP ၊ နိုဝင်ဘာ - ၃

မန္တလေးတိုင်း မြင်းခြံမြို့က စစ်ကောင်စီ လက်ပါးစေ ပျူအဖွဲ့ဝင် ဂျပ်ပြား ခေါ် အောင်မျိုးလှိုင် ဆိုသူ ဒီမနက်ပိုင်း နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာ(၃)ရက် မနက်(၉)နာရီကျော်က မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက်နေ ပျူ ဂျပ်ပြား ဆိုသူ ပစ်ခတ်ရှင်းလင်းခံရတာလို့ ဆိုပါတယ်။

"မနက်က အမှတ်(၁)ရပ်ကွက်မှ သေနတ်ကိုင် ပျူ ဂျပ်ပြား အပစ်ခံရပြီး ဂန့်သွားတယ်လို့သိရ" လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။

မြင်းခြံမြို့၊ အမှတ်(၁)ရပ်ကွက်၊ တိုးချဲ့ရပ်နေ ဈေးရောင်းလုပ်ငန်း လုပ်ကိုင်သူ အောင်မျိုးလှိုင် (ပျူဂျပ်ပြား) ကို PDF တွေက ဆိုင်ကယ်နှစ်စီးနဲ့ လာရောက် ပစ်သတ်သွားတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

မန္တလေးတိုင်း မြင်းခြံနယ်က ထောင်ထွက်၊ သူခိုး၊ ဓားပြ၊ လောင်းကစားဒိုင်၊ မူးယစ်ဆေးရောင်သူ စတဲ့ ဒုစရိုက်သမားတွေကို စစ်အုပ်စုက ပျူစောထီးအဖြစ် လက်သပ်မွေးထားပြီး တချို့ကို သေနတ် ထုတ်ပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြင်းခြံနယ်တကြော စစ်အုပ်စုနှင့် ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး လူသတ်၊ လုယက်၊ ဓားပြတိုက်၊ ပြည်သူကို ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေသလို ပျူတွေက စစ်အုပ်စုအတွက် ဆက်ကြေးကောက်၊ မီတာခ ကောက်ပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြင်းခြံ #ပျူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ