ဂန့်ဂေါမြို့အဝင် ဂိတ်အစောင့် စစ်အုပ်စုက ပြည်သူတစ်ဦးကို ဖမ်းဆီးငွေညှစ်ရာကနေ သေနတ်နဲ့ (၁၇)ချက် ပစ်သတ်ပြီး အလောင်းကို မြစ်ထဲမြှော၊

ဂန့်ဂေါမြို့အဝင် ဂိတ်အစောင့် စစ်အုပ်စုက ပြည်သူတစ်ဦးကို ဖမ်းဆီးငွေညှစ်ရာကနေ သေနတ်နဲ့ (၁၇)ချက် ပစ်သတ်ပြီး အလောင်းကို မြစ်ထဲမြှော၊

MFP၊ အောက်တိုဘာ - ၁၅

မကွေးတိုင်း ဂန့်ဂေါမြို့မှာ မြို့အဝင်အထွက် ဂိတ်စောင့်နေတဲ့ စစ်အုပ်စစုနှင့် ပျူတွေက ခရီးသွားပြည်သူတစ်ဦးကို ဖမ်းဆီးငွေညှစ်ရာကနေ သေနတ်နဲ့ (၁၇)ချက် ပစ်သတ်ပြီး အလောင်းကို မြစ်ထဲမြှောကာ အစဖျောက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၇)ရက်က ဂန့်ဂေါမြိုနယ် လာပို့ရွာနေ အမျိုးသားတစ်ဦးကို ဂန့်ဂေါမြို့အဝင် မြောက်ဘက်ဂိတ်မှာ စစ်အုပ်စုနဲ့ ပျူတွေက ဖမ်းဆီးငွေညှစ်ခဲ့ပြီးနောက် ဂန့်ဂေါခလရ(၅၀)တပ်ထဲ ဖမ်းခေါ်သွားကာ ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ခတ်ပြီး အလောင်းကို မြစ်ထဲ မြှောက်လိုက်တာလို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို မနေ့က အောက်တိုဘာ (၁၄)ရက်မှာ မြစ်သာမြစ်ထဲ အလောင်းပေါ်လာလို့ ရှာတွေ့ခဲ့တာလို ဆိုပါတယ်။

လာပိုရွာသား အမျိုးသားရဲ့ အလောင်းမှာ သေနတ်ဒဏ်ရာ (၁၇)ချက် တွေ့ရတဲ့အပြင် မျက်နှာကို အဝတ်စည်းလျက် မြစ်ထဲစွန့်ပစ်ခံခဲ့ရတာလို ယောသတင်းမှန် ပြန်ကြားရေးအဖွဲက ပြောပါတယ်။

"အရင်က ခလရ စစ်ခွေးတွေက အဓိက လုံခြုံရေးယူခဲ့ပေမယ့် ပြီးခဲ့တဲ့လ ကတည်းက ဂန့်ဂေါမြောက်ပိုင်း ပျူစောထီးတွေက လုံခြုံရေးယူပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ လိုအပ်တာထက်ပိုပြီး စစ်ဆေးခဲ့ကြတာဗျ"လို လာပို့ရွာ ဒေသခံအမျိုးသားကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ ဂန့်ဂေါမြို့အဝင် မြောက်ဘက်ဂိတ် အခြေအနေနှင့် ပတ်သက်ပြီး ယောသတင်းမှန် ပြန်ကြားရေးအဖွဲက ပြောပါတယ်။

စစ်အုပ်စုဟာ လက်ရှိမှာ ဂန့်ဂေါမြို့အဝင်အထွက် ဂိတ်တွေမှာ စကစတွေထက် ပျူတွေကို ဂိတ်အစောင့်ချပြီး မြောက်ခင်းရန်း ပျူရွာက ပျူစောထီးတွေကို အစောင့်ချထားလေ့ ရှိတယ်လို ဆိုပါတယ်။

ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဂန့်ဂေါမှာ ချီတက် ဆန္ဒပြခဲ့စဉ်/Photo - KNA

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #ဂန့်ဂေါ #လာပို့ရွာ #ပြည်သူ 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ