နွားထိုးကြီး ဝက်လူးရွာထဲက စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်၊ သုံးယောက် သေဟုဆို၊

နွားထိုးကြီး ဝက်လူးရွာထဲက စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်၊ သုံးယောက် သေဟုဆို၊

MFP ၊ စက်တင်ဘာ - ၅

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာထဲ စီးနင်းအထိုင်ချနေပြီး ဒေသခံ ပြည်သူတွေကို ဖမ်းဆီးငွေညှစ် မိုက်ကြေးခွဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုကို မနေ့က ညနေပိုင်း လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာ စကစ သုံးယောက် သေတယ်လို့ Natogyi People Defence Force – NPDF က သတင်း ထုတ်ပြန်ပါတယ်။

“အသိုက်ကို ဖျက်ရင် အသက်ကို ပြန်ယူမယ့် ဒုတိယအကြိမ် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် မနေ့က စက်တင်ဘာ(၄)ရက် ညနေ(၆)နာရီမှာ ဝက်လူးရွာထဲက စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ဝက်လူးကျေးရွာတွင် တပ်စွဲ၍ ပြည်သူများအပေါ် မတရားခြိမ်းခြောက် အနိုင်ကျင့်ခြင်း၊ ငွေကောက်ခံခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများအား ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်နေသော နာမည်ကြီး ရမ်းကားနေသည့် ထို (စခ)အဖွဲ့ကို လက်နက်ကြီးဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ရာ စခများဘက်မှ သုံးကောင်ကို ငရဲပြည်သို့ (အခမဲ့) ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရသူများလည်း အများအပြား ရှိသည်ဟု အတွင်းသတင်းအရ သိရှိရပါသည်” လို့ NPDF က ဖော်ပြပါတယ်။

“အသိုက်ကို ဖျက်ရင် အသက်ကို ပြန်ယူမယ့် ပထမအကြိမ် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာ(၂)ရက် ညနေပိုင်းကလည်း နွားထိုးကြီးမြိုကနယ် ပြင်စည်ရွာ အထက်တန်းကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို ဖမ်းဆီးငွေညှစ် ရန်ပြု သောင်းကျန်းနေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ NPDF က ထုတ်ပြန်ထားပါတယ်။

ပြင်စည်ရွာ ပစ်ခတ်တိုက်ခိုက် ခံရမှုနှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်ကတော့ စာသင်ကျောင်းထဲ စီးနင်းဝင်ရောက် တိုက်ခိုက်ခံရတာ မဟုတ်ဘဲ ဒရုန်းနဲ့ ဗုံးထုခံရတာလို့ သတင်းဖြန့်ပါတယ်။ ပြင်စည်ရွာ အထက်တန်းကျောင်းထဲက စစ်အုပ်စု တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက တစ်ရွာလုံးကို ဆဲဆိုစိန်ခေါ်ကာ မဲမဲမြင်ရာ ပစ်ခတ်တာကြောင့် ကျောင်းရှေ့ ဖြတ်သန်းမောင်းနှင်နေတဲ့ အသက်(၅၀)ကျော်အရွယ် သုံးဘီးယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #ဝက်လူး #တောကျီးကန်းစစ်ဆင်ရေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ