ဘုတလင်နယ် PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦး ကျဆုံး၊ စစ်သားနှစ်ဦး CDM ပြုလုပ်ကြောင်း ထုတ်ပြန်တဲ့ ပုံတွေမှာ ကျေးရွာအမည်တွေ ပါဝင်လာပြီးနောက် စစ်အုပ်စုက အလစ်အငိုက် စီးနင်းတာဖြစ်၊

ဘုတလင်နယ် PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦး ကျဆုံး၊ စစ်သားနှစ်ဦး CDM ပြုလုပ်ကြောင်း ထုတ်ပြန်တဲ့ ပုံတွေမှာ ကျေးရွာအမည်တွေ ပါဝင်လာပြီးနောက် စစ်အုပ်စုက အလစ်အငိုက် စီးနင်းတာဖြစ်၊

MFP ၊ စက်တင်ဘာ - ၁၃

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပဲပြစ်တော့ကျေးရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်း ဒီမနက်ပိုင်း အလစ်အငိုက် စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦး ကျဆုံးတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။

မုံရွာမြို့ရှိ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ နှင့် မိုင်(၂၀)ခန့်သာ ကွာဝေးတဲ့ ဘုတလင် မြို့နယ်ထဲက ဒေသကာကွယ်ရေး တပ်ဖွဲ့စခန်းကို ဒီနေ့ စက်တင်ဘာ(၁၃)ရက် မနက်(၅)နာရီကျော်မှာ စစ်အုပ်စုက ဒလံရဲ့ လမ်းပြမှုနဲ့ ဝင်စီးတာလို့ ဆိုပါတယ်။

“စကစ တပ်သားများ ဘုတလင် အထွက်တွင် အယောင်ပြကာ PDF များ စုဝေးရာနေရာသို့ ဒလံ လမ်းပြမှုဖြင့် မထင်မှတ်သည့် လမ်းမှ ဝင်၍ ဝိုင်းဝန်း ပစ်ခတ်မှု့ကြောင့် ပြည်သူ့ရဲဘော် ငါးဦး ကျဆုံးခဲ့ရပါသည်။ ထိုမှအပြန် ပဲပြစ်တော့ ကျေးရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးကာ ရွာခံတစ်ဦးအား ဖမ်းခေါ်သွားပြီး တစ်ဦး ကျည်ထိမှန်ခဲ့ပါသည်” လို့ ဘုတလင် ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့က ဖော်ပြပါတယ်။

ဘုတလင်နယ် ဒုံးပျံ local pdf တပ်ဖွဲ့ထံ ဆက်သွယ်ပြီး လက်နက်နှင့်အတူ CDM ဝင်ရောက်လာတဲ့ ဘုတလင်နယ် ကူတော်ရဲစခန်းက စစ်သားနှစ်ဦးကို ဒုံးပျံ local PDF က စက်တင်ဘာ(၁၀)ရက်မှာ အခမ်းအနားနဲ့ တစ်ဦးကို ကျပ်သိန်း (၅၀)စီး ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အဲ့ဒီ ထုတ်ပြန်ချက် ဓာတ်ပုံတွေမှာ ဘုတလင်မြို့နယ် ပဲပြစ်တော့ (အရှေ့)ကျေးရွာဆိုတဲ့ စာသားတွေ ပါဝင်လာခဲ့ပါတယ်။

အဲ့ဒီလို CDM ဝင်တဲ့ စစ်သားနှစ်ယောက်ကို ဆုချီးမြင့်တဲ့ ပုံတွေ ထွက်ပေါ်လာပြီးနောက် စစ်အုပ်စုက အခုလို သတင်းပေး လမ်းပြနဲ့တကွ PDF တွေ စုဝေးနေရာကို အလစ်အငိုက် ဝင်စီးတာ ဖြစ်ပါတယ်။

ပဲပြစ်တောကျေးရွာကို စီးနင်းခဲ့တဲ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စုဘက်က သတင်းဖြန့်ရာမှာတော့ CDM စစ်သားတစ်ဦး အပါအဝင် အလောင်း ခြောက်လောင်းနှင့်အတူ လက်လုပ်သေနတ် လေးလက်၊ လက်လုပ်စိန်ပြောင်း သုံးလက်၊ ရှော့တိုက်ဒုံးသီး ခြောက်လုံးတွဲ တစ်လုံး၊ ကျည်ဆံ (၃၅၀)တောင့်၊ လက်ပစ်ဗုံး လေးလုံး၊ လက်လုပ်လက်ပစ်ဗုံး ငါးလုံး၊ လက်လုပ်မိုင်း ရှစ်လုံး၊ ယမ်း၊ ကြိုး၊ ဝရိန်ပုံး စတဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဘုတလင်နယ် PDF စခန်း စီးနင်းခံရပြီး ပြည်သူ့ရဲဘော် ငါးဦးနှင့် CDM စစ်သားတစ်ဦး ကျဆုံး/Photo – S

ဘုတလင်နယ် ပဲပြစ်တော့ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ CDM စစ်သားနှစ်ဦးကို ဂုဏ်ပြုငွေ ချီးမြှင့်ပွဲ/Photo - ဒုံးပျံ Local PDF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ဘုတလင် #PDF #CDM

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ