တောင်သာနယ်မှာ စကစ အုပ်ကြီးနဲ့ ပျူအဖွဲ့ဝင် ညီအကို နှစ်ယောက်ကို PDF တွေက ပစ်ခတ် ရှင်းလင်း

တောင်သာနယ်မှာ စကစ အုပ်ကြီးနဲ့ ပျူအဖွဲ့ဝင် ညီအကို နှစ်ယောက်ကို PDF တွေက ပစ်ခတ် ရှင်းလင်း

MFP ၊ စက်တင်ဘာ - ၂၀

မန္တလေးတိုင်း တောင်သာမြို့နယ်၊ သာယာမြိုင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ကြီးနဲ့ ညီဝမ်းကွဲတော်စပ်သူ ပျူအဖွဲ့ဝင် တစ်ယောက်ကို မနေ့က မနက်ပိုင်းမှာ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ TTA - တောင်သာ ပြောက်ကျားတပ်က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၁၉)ရက် မနက်(၆)နာရီက တောင်သာမြို့နယ် သာယာမြိုင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းနဲ့ ညီဝမ်းကွဲ ပျူအဖွဲ့ဝင် ဝင်းစော ဆိုသူတို့ကို ကျောက်ပုံရွာက ဝင်းစောရဲ့ နေအိမ်ဝင်းထဲမှာ ရှိနေချိန် ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးမှူးဟာ မီတာခတွေ အဓမ္မကောက်ခံတာ၊ ပြည်သူကို ခြိမ်းခြောက်တာ၊ CDM တွေကို သတင်းပေးပြီး ဖမ်းခိုင်းတာ စတဲ့ လုပ်ရပ်တွေကို ပျူစောထီး ဝင်းစောနဲ့အတူ အကြိမ်ကြိမ် ပူးပေါင်း လုပ်နေတာကြောင့် ရှင်းလင်းလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်.

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆိုင်ကယ်စီး အမျိုးသားနှစ်ယောက် ရောက်လာပြီး ပစ္စတိုနဲ့ အချက် (၂၀) ခန့် ပစ်ခတ်သွားတဲ့အတွက် အုပ်ကြီး ခင်မောင်ဝင်းမှာ သေနတ်ဒဏ်ရာ လေးချက်နဲ့ ပွဲချင်းပြီး သေဆုံးကာ ပျူစောထီး ဝင်းစောက သေနတ်ဒဏ်ရာ သုံးချက်နဲ့ ဆေးရုံပို့စဉ် သေဆုံးတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အဲ့ဒီ စစ်ကောင်စီ အုပ်ချုပ်ရေးမှူးနှင့် ပျူအဖွဲ့ဝင် ညီအကိုတို့ကို TTA – (တောင်သာ) ပြောက်ကျားတပ်၊ မြေလတ် PDF၊ Seven People Defense Force၊ Myingyan Black Tiger၊ Natigyi Regional Defence Froce နဲ့ 27 Revolution Force တို့ ပူးပေါင်းကာ ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တောင်သာ #အုပ်ကြီး #ပျူ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ