အမရပူရ မြစ်ငယ်မှာ ကားလမ်းဘေး အမျိုးသားအလောင်း နှစ်လောင်း တွေ့

အမရပူရ မြစ်ငယ်မှာ ကားလမ်းဘေး အမျိုးသားအလောင်း နှစ်လောင်း တွေ့

MFP ၊ ဩဂုတ် - ၁၂



မန္တလေးတိုင်း အမရပူရမြို့နယ် မြစ်ငယ်မြို့ ကားလမ်းဘေးမှာ အမျိုးသားအလောင်းနှစ်လောင်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



ဩဂုတ်လ (၁၁)ရက် ည (၈)နာရီခန့်မှာ မြစ်ငယ်မြို့ စာတိုးအုပ်စု၊ စက်ကွေ့ရပ်ကွက် ကွန်ကရစ်လမ်းမကြီးဘေးမှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်ခုကို ပက်လက်အနေအထားနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။



ဒါ့အပြင် ဒီနေ့ ဩဂုတ်လ (၁၂)ရက် မနက်ပိုင်းမှာလည်း ဆောက်တောဝ(တောင်)ရွာ၊ ထုံးဘို-ပြင်ဦးလွင်အဆင်းကားလမ်းဘေး၊ မိုင်တိုင် (၂/၁)အနီးမှာ အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးဟာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။



သေဆုံးသူတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အမရပူရရမြို့နယ် အမြန်လမ်းဘေးမှာ ဓားဒဏ်ရာတွေနဲ့ အမျိုးသားအလောင်းနှစ်လောင်းကို တွေ့ခဲ့ရပြီး တစ်ယောက်က စစ်အုပ်စုရဲ့ သတင်းပေးဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #မြစ်ငယ် #အမျိုးသားအလောင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ