PROJECT DRAGONFLY က ရတဲ့ ငွေနဲ့ ပစ္စည်းတချို့ ဝယ်ယူတပ်ဆင်ပြီးဖြစ်လို့ ပုစဉ်းကင်တော့မယ်လို့ NUG ထုတ်ပြန်၊

PROJECT DRAGONFLY က ရတဲ့ ငွေနဲ့ ပစ္စည်းတချို့ ဝယ်ယူတပ်ဆင်ပြီးဖြစ်လို့ ပုစဉ်းကင်တော့မယ်လို့ NUG ထုတ်ပြန်၊

MFP ၊ သြဂုတ် - ၉



PROJECT DRAGONFLY က ရရှိထားတဲ့ အများပြည်သူ ထောက်ပံ့လှူဒါန်းငွေနဲ့ ပစ္စည်းတချို့ ဝယ်ယူ တပ်ဆင်ပြီးဖြစ်လို့ ပုစဉ်းကင်တော့မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က သတင်း ထုတ်ပြန်ပါတယ်။



PROJECT DRAGONFLY က ရရှိထားတဲ့ ထောက်ပံ့လှူဒါန်းငွေတွေနဲ့ ဝယ်ယူထားတဲ့ ပစ္စည်းတချို့ စတင် တာဝန်ထမ်းဆောင်နေပြီ ဖြစ်သလို လိုအပ်တဲ့ ပစ္စည်းတွေ ဆက်လက်ရရှိရေးနဲ့ ထိရောက်စွာ အသုံးချနိုင်ရေးအတွက်လည်း စနစ်တကျ ဆောင်ရွက်နေပြီလို့ NUG ရဲ့ MOD က ဒီကနေ့ ထုတ်ပြန်တဲံ ကျေးဇူးတင်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။



“PROJECT DRAGONFLY စီမံချက် အောင်မြင်စေရန် ထောက်ပံ့ကူညီ ပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များ အားလုံးကို ကျွန်ုပ်တို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။ လူကြီးမင်းတို့အားလုံး ထောက်ပံ့ကူညီခဲ့ကြသည့် PROJECT DRAGONFLY စီမံချက်မှ တဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေး မဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန် ထမ်းဆောင်နေပြီး ဖြစ်ပါသည်။ ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်” လို့ NUG ရဲ့ MOD က ဖော်ပြပါတယ်။



PROJECT DRAGONFLY ဟာ လေယာဉ်ပတ် လက်နက်တွေ ဝယ်ယူဖို့ အလှူငွေ ကောက်ခံခဲ့တဲ့ အစီအစဉ်ဖြစ်ပြီး NUG က ပစ္စည်းတွေ ဝယ်ယူတပ်ဆင်ပြီးလို့ ဆိုပေမယ့် အသေးစိတ် အခြေအနေတွေကိုတော့ ဖော်ပြထားတာ မရှိပါဘူး။



အာဏာသိမ်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့ လေယာဉ်ပစ် လက်နက်တွေ ဝယ်ယူနိုင်ရေး ပြီးခဲ့တဲ့ ဧပြီလဆန်းက PROJECT DRAGONFLY ကမ်ပိန်းအဖြစ် အလှူငွေ ကောက်ခံခဲ့ရာမှာ အမေရကန်ဒေါ်လာ (၂)သန်းကျော်အထိ ရရှီခဲ့တာ ဖြစ်ပါတယ်။



( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)



#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ProjectDragonfly #NUG #MOD #ပုစဉ်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ