ငါန်းဇွန်နယ်က စကစခန့်အုပ်ကြီးရဲ့တပည့် သတင်းပေးဘအေးကို ရှင်းလင်း

ငါန်းဇွန်နယ်က စကစခန့်အုပ်ကြီးရဲ့တပည့် သတင်းပေးဘအေးကို ရှင်းလင်း

MFP ၊ ဩဂုတ် - ၁၀

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ထဲက PDF တွေရဲ့ သတင်းကို ရယူသတင်းပို့နေတဲ့ စကစခန့်အုပ်ချုပ်ရေးမှူး သက်ခိုင်ရဲ့ တပည့်ဖြစ်သူ သတင်းပေး ဘအေးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်းပေးဘအေးဟာ မိုးတောင်ရွာမြောက်ဘက် ဆေးရိုးစက်ကနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တွေရဲ့ အသွားအလာတွေကို စောင့်ကြည့်သတင်းပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လ (၆)ရက်က မိုင်းဆင်နေတဲ့ PDF တွေကို စစ်အုပ်စုတွေဆီ ဘအေးက ဖုန်းဆက်သတင်းပေးလိုက်တဲ့အတွက် စစ်အုပ်စုက ချက်ချင်းရောက်လာပြီး ပစ်ခတ်ရှာဖွေတာတွေ လုပ်တဲ့အတွက် နောင်ရိုးအဖွဲ့ဝင်တွေဟာ အသက်လုရှောင်တိမ်းခဲ့ရပြီး ပစ္စည်းတွေ ဆုံးရှုံးပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီနေ့ ဩဂုတ်လ (၁၀)ရက် မနက် (၇)နာရီခွဲအချိန်မှာ မိုးတောင်ရွာထဲက လက်ဖက်ရည်ဆိုင်ထဲမှာရောက်နေတဲ့ သတင်းပေး ဘအေးကို သုတ်သင်ရှင်းလင်းခဲ့တယ်လို့ နောင်ရိုးအဖွဲ့က ထုတ်ပြန်ထားပြီး ပြည်သူတွေ စစ်အုပ်စု၊ ပျူစောထီး၊ သတင်းပေးတွေနဲ့ အနီးကပ်မနေထိုင်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ငါန်းဇွန် #သတင်းပေး

 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ