မန္တလေး မြရည်နန္ဒာအိမ်ယာမှာ ဒဏ်ရာတွေနဲ့ သေဆုံးပြီး ပုပ်ပွနေတဲ့ အမျိုးသမီး အလောင်း တွေ့ရှိ၊

မန္တလေး မြရည်နန္ဒာအိမ်ယာမှာ ဒဏ်ရာတွေနဲ့ သေဆုံးပြီး ပုပ်ပွနေတဲ့ အမျိုးသမီး အလောင်း တွေ့ရှိ၊

MFP ၊ စက်တင်ဘာ - ၂၁

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာက တိုက်ခန်းတစ်ခန်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ပုပ်ပွနေပြီဖြစ်တဲ့ အမျိုးသမီး အလောင်းတစ်လောင်းကို ဒီညနေပိုင်း တွေ့ရှိခဲ့တယ်လို့ အလောင်းကို ဆေးရုံပို့ခဲ့တဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ (၄၅)လမ်းနှင့် (၄၉)လမ်းကြား၊ (၁၁၆)လမ်းနှင့် လမ်း(၁၂ဝ)ကြားရှိ၊ မြရည်နန္ဒာ အိမ်ယာဝန်းထဲက (မမ/၁၆)၊ တိုက်အမှတ်(၉)က အခန်းတစ်ခန်းမှာ ဒဏ်ရာတွေနဲ့ လွန်ခဲ့တဲ့ သုံးရက်လောက် ကတည်းက သေဆုံးနေတယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူဟာ အသက် (၃၈) နှစ်အရွယ် မသူဇာအောင် ဆိုသူ ဖြစ်ပြီး ကလေးနှစ်ဦးရဲ့ မိခင်ဖြစ်ကာ ရန်ကုန်ကနေ မန္တလေးမှာ လာရောက်နေထိုင်သူဖြစ်ကြောင်း၊ သူနေတဲ့ အခမ်းထဲမှာပဲ သေဆုံးနေတာ ဖြစ်ပြီး သေဆုံးသူရဲ့ ဆွဲကြိုး၊ လက်စွပ်၊ ဖုန်း၊ ဆိုင်ကယ် စတဲ့ ပစ္စည်းတွေ ပျောက်ဆုံးနေတယ် သတင်းကြားရကြောင်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

"သေနေတာ ဘယ်သူမသိဘူး၊ အနံ့တွေ ထွက်လာတော့မှ သိကြတာ၊ သေတာ သုံးရက်လောက်ရှိပြီလို့ ကြားတယ်၊ ရုပ်ကလည်း မပီချင်တော့ဘူး " လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

သေဆုံးရတဲ့ ဖြစ်စဉ် အပါအဝင် အသေးစိတ် အခြေအနေတွေ မသိရသေးဘဲ ဒီညနေပိုင်းမှာတော့ အဲ့ဒီ တိုက်ခန်းဘေးမှာ ဒေသခံတွေက အန္တရာယ်ကင်း၊ ပရိတ်နာ အမျှပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ မသူဇာအောင်/Photo – S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြရည်နန္ဒာ #အိမ်ရာ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ