MFP ၊ ဩဂုတ် - ၃
မန္တလေးမြို့အထွက် မတ္တရာလမ်းပေါ်မှာ မနေ့မနက်ပိုင်းက စစ်အုပ်စုကား ဗုံးထုခံရပြီး မြို့နယ်မှူးနဲ့ နယ်ထိန်းတို့ ဒဏ်ရာရသွားတယ်လို့ မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစု (ARFOM)က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ (၂)ရက် မနက် (၁၀)နာရီ (၄၅)မိနစ်ခန့်မှာ တောင်ပြုံးရွာထိပ်ကို ရောက်လာတဲ့ စစ်အုပ်စုရဲကားကို ဗုံးထုတိုက်ခိုက်ခဲ့တာဖြစ်ပြီး လိုက်ပါလာတဲ့ ရဲတွေအနက် မြို့နယ်မှူးနဲ့ နယ်ထိန်း ဇော်ဝင်းတို့ ဒဏ်ရာရသွားကြတာဖြစ်ပါတယ်။
စစ်အုပ်စုဟာ မနက်ဖြန် ဩဂုတ်လ (၄)ရက်ကစပြီး တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေကာ တော်လှန်ရေးအဖွဲ့တွေကတော့ ပြည်သူတွေ မသွားကြဖို့ သတိပေးထားပါတယ်။
မန္တလေးတော်လှန်ရေးမြို့ပြတပ်ပေါင်းစုကလည်း တောင်ပြုံးပွဲကို မသွားကြဖို့နဲ့၊ တစ်စုံတခုဖြစ်ခဲ့ရင် ဖြေရှင်းပေးနိုင်တာမရှိတဲ့အတွက် ကြိုတင်တောင်းပန်ကြောင်း ဇူလိုင်လ (၂၈)ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ပုံစာ - မန္တလေးတိုင်းထဲမှာ လက်နက်ကိုင် ရမ်းကားသောင်းကျန်းခဲ့တဲ့ စစ်အုပ်စု(ပုံဟောင်း)/ ဓာတ်ပုံ - CJ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #တောင်ပြုံးရွာ #ရဲကား #ဗုံးထု