မန္တလေးမြို့ပေါ်က ကျောက်လုပ်ငန်းရှင်တစ်ယောက်ရဲ့နေအိမ်နှစ်ခုကို စစ်အုပ်စု ချိတ်ပိတ်

မန္တလေးမြို့ပေါ်က ကျောက်လုပ်ငန်းရှင်တစ်ယောက်ရဲ့နေအိမ်နှစ်ခုကို စစ်အုပ်စု ချိတ်ပိတ်

MFP ၊ ဩဂုတ် - ၁၉

မန္တလေးမြို့ပေါ်က ကျောက်မျက်လုပ်ငန်းရှင်တစ်ယောက်ရဲ့ နေအိမ်နှစ်ခုကို စစ်အုပ်စုက မနေ့က ချိတ်ပိတ်ခဲ့တယ်လို့ ကျောက်မျက်အသိုင်းအဝိုင်းထံက သိရပါတယ်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ နေအိမ်နှစ်လုံးကို ချိတ်ပိတ်ခဲ့တာဖြစ်ပြီး PDF နဲ့ ဆက်စပ်တဲ့နေရာဖြစ်လို့ ချိတ်ပိတ်တာလို့ စစ်အုပ်စုက အဲဒီနေအိမ်တွေရဲ့ရှေ့မှာ ချိတ်ဆွဲထားတဲ့ဗီနိုင်းတွေမှာ ရေးသားထားပါတယ်။

" ချိတ်ပိတ်ခံရတာတော့ဟုတ်တယ်၊ ဘာကြောင့်ဆိုတာတော့ မသိရသေးဘူး" လို့ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦး က ပြောပါတယ်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီကပိုင်တဲ့ ၅၄ လမ်း၊ ၃၂ လမ်းနဲ့၃၃ လမ်း ကြားက နေအိမ်ကို ဩဂုတ်လ (၁၈)ရက် မနက်ပိုင်းက ချိတ်ပိတ်ခဲ့တာဖြစ်ပြီး အဲဒီနေ့ ညနေပိုင်းမှာပဲ ၈၈ လမ်း၊၃၃ လမ်းနဲ့ ၃၄ ကြားမှာရှိတဲ့ ကျောက်ကုမ္ပဏီတိုက်ကို ချိတ်ပိတ်ခဲ့တာလို့ သိရပါတယ်။ ချိတ်ပိတ်ရာမှာ လက်နက်ကိုင် အကြမ်းဖက်စစ်သား၊ စစ်အုပ်စုလက်အောက်ခံ ရဲနဲ့ ထွေအုပ်တို့ ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဟာ ကျောက်စိမ်းရောင်းဝယ်ရေး နဲ့ ကျောက်စိမ်းတူးဖေါ်ရေး(ဖားကန့်) အသိုင်းအဝိုင်းမှာ ထင်ရှားတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။

ဓာတ်ပုံ၊ VOMDY

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြန်မာသူရကျောက်မျက် #ကျောက်မျက်လောက #နေအိမ်ချိတ်ပိတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ