နှစ်ရက်ကြာ ကင်းပုန်းဝပ် စောင့်ဆိုင်းပြီးနောက် စကစ သုံးယောက်ကို အနီးကပ် ပစ်ခတ် ရှင်းလင်း၊ ကားနဲ့ စစ်ကူရောက်လာလို့ လက်နက်တွေ မကောက်ယူနိုင်ခဲ့ဟုဆို၊

နှစ်ရက်ကြာ ကင်းပုန်းဝပ် စောင့်ဆိုင်းပြီးနောက် စကစ သုံးယောက်ကို အနီးကပ် ပစ်ခတ် ရှင်းလင်း၊ ကားနဲ့ စစ်ကူရောက်လာလို့ လက်နက်တွေ မကောက်ယူနိုင်ခဲ့ဟုဆို၊

MFP၊ သြဂုတ် - ၂၉

မကွေးတိုင်း ဂန့်ဂေါနယ်မှာ ဒီမနက်ပိုင်း ဆိုင်ကယ်နှစ်စီးနဲ့ သွားလာနေတဲ့ စကစ သုံးယောက်ကို အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို CDF-KKG တပ်ရင်း (၅)က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၂၉)ရက် မနက်(၁၀)နာရီမှာ ဂန့်ဂေါနယ် မြစ်သာဆည်ပေါ်က ဘုရားကုန်းလျှပ်စစ်ရုံး (EPC)ဘက် အရပ်ဝတ်ဝတ်ပြီး ဆိုင်ကယ်နှစ်စီးနဲ့ လာတဲ့ စကစ သုံးယောက်ကို KKG တပ်ရင်း(၅)၊ YDF တပ်ရင်း (၁၄)၊ ထီးလင်းမြောက်ပိုင်း PDF တပ်ခွဲ(၇)၊ တပ်ပေါင်းစုက အနီးကပ် ပစ်ခတ် သု-တ်-သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီလို စကစတွေ သု-တ်-သင်ရှင်းလင်းနိုင်ဖို့ နှစ်ရက်ကြာ ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ရတာလို့ CDF-KKG တပ်ရင်း (၅)က ဆိုပါတယ်။

"စကစ ဘက်မှ ဆိုင်ကယ်နှစ်စီး လူသုံးယောက် လက်နက်အပြည့်အစုံ အရပ်ဝပ်နဲ့ EPC ရုံးထဲ ကင်းပတ်ဝင်ရာမှာ ရုံးပေါက်ဝနား ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်" လို့ CDF-KKG တပ်ရင်း (၅) ရဲဘော်တစ်ဦးက ပြောပါတယ်။

သေဆုံး စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်တွေ သွားကောက်ဖို့ လုပ်ရာမှာတော့ စစ်ကူကား ရောက်လာတာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး လက်နက်တွေ ကောက်ယူနိုင်ခြင်း မရှိခဲ့ဘူးလို့ အဲဒီရဲဘော်က ဆက်ပြောပါတယ်။

"ကျွန်တော်တိုက သူတိုလဲသွားတာ မြင်လို့ လက်နက်သွားကောက်တာ။ နောက်က ကပ်လိုက်လာတဲ့ စစ်ကူတွေနဲ့ အပြန်အလှန်ပစ်ရင်း ဆုတ်ခဲ့ရတာပါဗျ"လို့ အထက်ပါရဲဘော်က ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုဟာ မြစ်သာဆည် ရိပ်သာကုန်းမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် လက်စားချေတာ ဖြစ်ပြီး ဒါက အစပဲ ရှိသေးတယ်လို CDF KKG တပ်ရင်း(၅) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ(၂၆)ရက်က မြစ်သာဆည်ပေါ် ရိပ်သာကုန်းမှာ တော်လှန်ရေးတပ်ဖွဲတွေ ရှိနေစဉ် စစ်အုပ်စုက လေကြောင်းက ပစ်ခတ်လို တော်လှန်ရေး ရဲဘော်အချို ကျဆုံးခဲ့ရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဂန့်ဂေါ #မြစ်သာဆည် #cdfkkg 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ