မန္တလေးမှာ အချုပ်သား ပြောင်းရွှေ့နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ပြီး နိုင်/ကျဉ်းတွေကို ကယ်ထုတ်၊ နိုင်/ကျဉ်း ရှစ်ဦး ထွက်ပြေးနိုင်ပေမယ့် ခြောက်ဦး ပြန်အဖမ်းခံရပြီး နှစ်ဦးသာ လွတ်မြောက်၊ တိုက်ခိုက်မှုအတွင်း စကစ နှစ်ယောက် သေကာ နိုင်/ကျဉ်း တစ်ဦ ဒဏ်ရာရ၊

မန္တလေးမှာ အချုပ်သား ပြောင်းရွှေ့နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ပြီး နိုင်/ကျဉ်းတွေကို ကယ်ထုတ်၊ နိုင်/ကျဉ်း ရှစ်ဦး ထွက်ပြေးနိုင်ပေမယ့် ခြောက်ဦး ပြန်အဖမ်းခံရပြီး နှစ်ဦးသာ လွတ်မြောက်၊ တိုက်ခိုက်မှုအတွင်း စကစ နှစ်ယောက် သေကာ နိုင်/ကျဉ်း တစ်ဦ ဒဏ်ရာရ၊

MFP ၊ စက်တင်ဘာ - ၂၉



မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ် တံတားအနီးမှာ ဒီမနက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေကို အချုပ်ကားနဲ့ တင်ဆောင်ကာ ထောင်အပြောင်းအရွှေ့ လုပ်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ပြီး နိုင်/ကျဉ်းတွေကို ကယ်ထုတ်ခဲ့ရာ နိုင်/ကျဉ်း နှစ်ဦး လွတ်မြောက်တယ်လို့ Truth Keeping Force – Amarapura က MFP ကို ပြောပါတယ်။



ဒိနေ့ စက်တင်ဘာ(၂၉)ရက် မနက်ပိုင်း အမရပူရမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတွေကို အချုပ်ကားတွေနဲ့ တင်ဆောင်ပြီး နေရာအပြောင်းအရွှေ့ လုပ်မယ်ဆိုတဲ့အကြောင်း သတင်းရတဲ့အတွက် မနက်(၉၀နာရီကျော်မှာ မြစ်ငယ်တ့တားအနီးကနေ စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ Truth Keeping Force – Amarapura က ဆိုပါတယ်။



“အမရပုရမြို့နယ်အတွင်း နိုင်ငံရေးအကျဉ်းသားအဖြစ် မတရား ဖမ်းဆီးမှု ခံထားရသူများအား လွှဲပြောင်းပို့ဆောင်ရာ အချုပ်ကားအား ထောက်လှမ်း ရရှိသဖြင့် မဟာမိတ် မြို့ပြပြောက်ကျား အဖွဲ့များနှင့် မြစ်ငယ်တံတားအနီးတွင် ပူးပေါင်းကယ်တင် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် ရဲခွေး နှစ်ကောင် နေရာတွင် သေဆုံးပြီး အကျဉ်းသား တစ်ဦး ထိခိုက်ဒဏ်ရာရကာ ရှစ်ဦး ထွက်ပြေးပြီး ခြောက်ဦး ပြန်လည် ဖမ်းဆီးခံရပါသည်။ လွတ်မြောက်သွားသူ နှစ်ဦးကို လုံခြုံရာသို့ ပို့ဆောင်ပေးပြီး “ လို့ Truth Keeping Force – Amarapura က ဖော်ပြပါတယ်။



အဲ့ဒီ တိုက်ခိုက်မှုအတွင်း ထွက်ပြေးပြီးမှ ပြန်လည် ဖမ်းဆီးခံလိုက်ရတဲ့ နိုင်/ကျဉ်း ခြောက်ယောက်အတွက် စိုးရိမ်မိကြောင်းနှင့် အများပြည်သူ အနေနဲ့လည်း တတ်နိုင်သလောက် အာရုံစိုက်ပေးကြဖို့ တောင်းဆိုကြောင်း Truth Keeping Force -Amarapura အဖွဲ့က ဗိုလ်နေလင်း က MFP ကို ပြောပါတယ်။



“အဓိက အချက်ကတော့.ကိုယ့်ရဲဘော်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ရယ်ကို အားမလျော့ စေချင်တာရယ်၊ နောက်နောင် အခြား အဖွဲ့အစည်းတွေကိုလည်း ဒီလို mission မျိုးတွေ ဖော်ဆောင်လို့ ရတယ်ဆိုတာကို လမ်းကြောင်း ပြပေးချင်တဲ့သဘောပါ။ ပြီးတော့ အရေးအကြီးဆုံးကတော့ ပြန်လည်ဖမ်းဆီးခံရတဲ့ ခြောက်ယောက်ကို ညှင်းပန်း နှိပ်စက်မေးမြန်ပြီး သတင်းဖျောက်ပစ်မှာ စိုးတဲ့အတွက် သတင်းကို ချက်ချင်းတင်လိုက်ရခြင်း ဖြစ်ပါတယ်။ ပြန်လည် ဖမ်းဆီးခံလိုက်ရတဲ့ ခြောက်ယောက်ကိုပဲ အာရုံစိုက်ပေးကြဖို့ ပြောချင်ပါတယ်” လို့ Truth Keeping Force -Amarapura အဖွဲ့က ဗိုလ်နေလင်း က MFP ကို ပြောပါတယ်။



တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မန္တလေး - မြစ်ငယ်လမ်း အပါအဝင် မြစ်ငယ်မြို့ အနီး စစ်အုပ်စုက လမ်းတွေ ပိတ်ဆို့ကာ ဖမ်းဆီး စစ်ဆေး သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။



တိုက်ခိုက်မှုအတွင်း ပြည်သူ့ရဲဘော်တွေ အန္တရာယ် ကင်းတယ်လို့ လို့ Truth Keeping Force -Amarapura က ဆိုပါတယ်။



#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမရပူရ #Truth-Keeping Force-Amarapura

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ