MFP၊ သြဂုတ် - ၆
စစ်ကိုင်းတိုင်း ဒီပဲယင်းနယ်ထဲ ရွာစဉ်ပတ်မွှေ လုက် ဓားပြတိုက် သောင်းကျန်းနေတဲ့ အကြမ်းဖက် စစ်အုပ်စုက လျှော်ဖြူရွာက ဒေသခံ ပြည်သူတစ်ဦးကို သ-တ်-ဖြတ်ပြီး ပြည်သူ (၁၀)ဦးကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက် စစ်အုပ်စုဟာ ဒီပဲယင်းနယ် ကိုင်းကံရွာထဲ ထင်တိုင်းကျဲ လုယက် ဖောက်ထွင်း ဓားပြတိုက်ပြီးနောက် ဒီကနေ့ သြဂုတ် (၆)ရက်မှာ မီးရှိဖျက်ဆီးလို့ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၅)ရက်ကတည်းက ကိုင်းကံရွာထဲ ဝင်မွှေလုယက် သောင်းကျန်းနေတာ ဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ ရွာကို မီးတင်ရှိ့ဖျက်ဆီးခဲ့ကာ ရွာအိမ်ခြေရဲ့ သုံးပုံနှစ်ပုံလောက် မီး လောင် ပျက်စီးသွားချိန်မှာတော့ လျှော်ဖြူရွာဘက် ကူးပြီး ဆက်လက် သောင်းကျန်းနေတာလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ လျှော်ဖြူရွာက နွားကျောင်းနေတဲ့ ဦးမိုးညိုကို အကြောင်းမဲ့ ရန်ပြု သ-တ်-ဖြတ်ခဲ့သလို လျှော်ဖြူရွာက ဒေသခံပြည်သူ ခုနစ်ဦး၊ ကိုင်းကံရွာက ပြည်သူနှစ်ဦးနှင့် မကျီးအုပ်ရွာက တစ်ဦး၊ စုစုပေါင်း ဒေသခံပြည်သူ (၁၀)ဦးကို ဖမ်းဆီးသွားပြီး ဓားစာခံ လူသားဒိုင်းအဖြစ် အသုံးပြုဖွယ်ရှိတယ်လို ဒီပဲယင်းညီနောင်များအဖွဲက ဆိုပါတယ်။
စကစရဲ့ ဖမ်းဆီးခြင်းခံရသူတွေကတော့ ကိုဖိုးဖြူ၊ ကိုကျော်စွာ၊ ကိုပျိုဝိုင်း၊ ညီအကိုနှစ်ဦး၊ ကိုလမင်းအောင်၊ ကိုမင်းနိုင်၊ ကိုဗဂျီ၊ ငပြူး၊ ကိုဇင်သူ၊ ကိုကျော်ဟိန်းတို့ ဖြစ်ကြတယ်လို ဒီပဲယင်းညီနောင်များအဖွဲက ဆိုပါတယ်။
"လက်ရှိတော့ ပါသွားတယ်ပဲ သိရတယ်။ ဘယ်နှစ်ဦးပါပြီး ဘယ်နှစ်ဦး လွတ်တယ် မသိရသေးဘူး"လို ဒီပဲယင်းညီနောင်များ အဖွဲက ပြောပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ သြဂုတ်(၄)ရက်က ဒီပဲယင်းနယ် အနောက်ခြမ်းက ကျေးရွာတွေကို ဝင်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲဝင်တစ်ဦးနဲ့ အရပ်သား မိသားစုနှစ်စုကို ဖမ်းဆီးခဲ့တယ်လို Free Rangers Depeyin မှ ပြည်သူ့ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။
"ကျနော်တို့ ဘက်ခြမ်းကို ဝင်တာက တစ်ရက်နဲ့ တစ်ည ဝင်သွားတာပေါ့။ (Mi-35) နဲ့ လူချတယ်။ (Mi-17) တစ်စီးက သူတို့ လူတွေချမယ့်အနားကို ကာပစ်ပေးတယ်။ ကျနော်တို့ ဆီမှာက မောင်းပြန်ကောင်းကောင်းလည်း မရှိဘူး။ မိုင်းလောက်ပဲရှိတော့ ဘာမှ လုပ်မရဘူး"လို အဲဒီ ပြည်သူ့ရဲဘော်က ဆိုပါတယ်။
အဲဒီ ရဟပ်ယာဉ်နဲ့လာချတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေဟာ ဘုရားထွက်ရွာထဲ ဝင်မွှေလုယက်ကာ နေအိမ်နှစ်လုံးနဲ့ စပါးကျည်တစ်လုံးကို မီးရှိဖျက်ဆီးပြီး မိသားစုနှစ်စုက အမျိုးသား၊ အမျိုး သမီးအားလုံးကို ဖမ်းပြီး ရဟပ်ယာဉ်နဲ့ တင်ခေါ်သွားတယ်လို ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ မိသားစုတွေနှင့် ပတ်သက်ပြီး နောက်ဆက်တွဲ အခြေအနေတွေ မသိရသေးပါဘူး။
ဒီပဲယင်းနယ် အနောက်ခြမ်းက ရွာတွေထဲ ထင်တိုင်းကျဲ လုယက် ဓားပြတိုက် သောင်းကျန်း သ-တ်-ဖြတ်ပြီးနောက် အကြမ်းဖက် စစ်အုပ်စုဟာ ရဟတ်ယာဉ်တွေနဲ့ ဒီပဲယင်းအရှေ့ခြမ်းက အင်ပင်၊ ရွာဒင်ကြီး၊ ကိုင်းကံ စတဲ့ ရွာတွေဘက်ကို ပြောင်းရွှေ့ပြီး ဆက်လက် လုယက် ဓားပြတိုက် သောင်းကျန်းပြီး ဒေသခံတွေကို ဖမ်းဆီး သ-တ်-ဖြတ် နေတာလို့ MFP ရဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီပဲယင်းနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ အခု ညနေပိုင်းမှာတော့ ဒီပဲယင်းနဲ့ အရာတော်နယ်စပ် တိုက်ရွာကို ဆက်လက် စီးနင်း သောင်းကျန်းနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ဒီပဲယင်းနယ် အရှေ့ခြမ်းက ကိုင်းကံရွာထဲ စစ်ကောင်စီ အကြမ်းဖက်သမားတွေ ထင်တိုင်းကျဲ လုယက်ဓားပြတိုက် သောင်းကျန်းပြီးနောက် တစ်ရွာလုံးက နေအိမ်တွေကို စိမ်ပြေနပြေ မီးရှို့ဖျက်ဆီးနေစဉ်/Photo – CJ
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #ဒီပဲယင်း #ရွာ #အိမ် #မီးရှို့ #ပြည်သူ
ဒီပဲယင်းနယ်ထဲ သောင်းကျန်းနေတဲ့ စစ်အုပ်စုက ပြည်သူတစ်ဦးကို သ-တ်ပြီး (၁၀)ဦးကို ဖမ်းဆီး၊ ကိုင်းကံရွာကို ထင်တိုင်းကျဲ လုယက်ဓားပြတိုက်ပြီး ရွာလုံးကျွတ် မီးရှိဖျက်ဆီး၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024