ရွှေကူနယ် ဧရာဝတီမြစ်ဘေးမှာ စစ်အုပ်စုကို KIA က တိုက်ခိုက်၊ အရာရှိအဆင့်တွေ အပါအဝင် စကစ ခြောက်ယောက် သေ ဟုဆို၊

ရွှေကူနယ် ဧရာဝတီမြစ်ဘေးမှာ စစ်အုပ်စုကို KIA က တိုက်ခိုက်၊ အရာရှိအဆင့်တွေ အပါအဝင် စကစ ခြောက်ယောက် သေ ဟုဆို၊

MFP ၊ သြဂုတ် - ၁၀

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်ဘေးက ရွာတွေထဲ မွှေနေတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဒီနေ့ မနက်ပိုင်း ကချင်လွတ်မြောက်ရေး တပ်မတော် - KIA အမှတ်(၅)တပ်ရင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် သုံးယောက် အပါအဝင် စကစ ခြောက်ယောက် သေတယ်လို့ မြို့လှ K-PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ်(၁၀)ရက် မနက်(၄)နာရီခွဲက အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ (၄၁၅)နှင့် ခလရ (၁၀) တပ်က စကစ အင်အား(၇၅)ယောက်ခန့် ရွှေကူမြို့နယ် ကျောက်တလုံးရွာကနေ ဧရာဝတီမြစ်ကမ်းအတိုင်း အထက်ကို တက်လာချိန် KIA က အသင့်စောင့်ဆိုင်းပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေး တပ်မတော်(Myohla K-PDF )တပ်ရင်းနယ်၊ အမှတ် (၅) KIA တပ်ရင်းမှ ဗိုလ်နေရောင် ၏ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ဗိုလ်မှူး တစ်ဦး အပါအဝင် စခအရာရှိ သုံးဦး ဒွမ်သွားပြီး စခတပ်သား (၁၅) ဦးထက်မနည်း ထိခိုက်မှုများ ရှိခဲ့” လို့ မြို့လှ K-PDF က ဖော်ပြပါတယ်။

မိုင်းဆွဲခံရတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ ဒေသခံတွေကို ဖမ်းဆီးထားပြီး ဓားစာခံ လူသာဒိုင်းအဖြစ် အသုံးချကာ မိုင်းထိသေတဲ့ စကစ အလောင်းတွေကို မီးရှို့နေတယ်လို့ ဆိုပါတယ်။

“ဧရာဝတီ မြစ်ကမ်းဘေး ရွာများနှင့် အနီးတဝိုက် မြစ်ကြောင်းလုံခြုံရေး ယူရန် နယ်မြေရှင်းလင်း ထိုးစစ်ဆင် လှုပ်ရှားလာစဉ် ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ အထက်ဘက်သို့ စစ်ကြောင်းလိုက် ထွက်လာစဉ် KIA အမှတ်(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့မှ ကြိုတင်စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦး ထက်မနည်း သေဆုံးပြီး (၁၀) ထက်မနည်း ဒါဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း သတင်ရရှိပါတယ်။ တိုက်ပွဲ အရှိန်ကြောင့်ဒေသခံ ရွာသားများအား ဓာစာခံများအဖြစ် ခေါ်ထိုင်ခိုင်းထားပြီး ကျန်ရှိ စခများက အရာရှိ သုံးဦးအား မီးသင်္ဂြုလ် ပေးနေကြတယ်လို့ သိရပါတယ်” လို့ မြို့လှ K-PDF က ဖော်ပြပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုရဲ့ လက်နက်နှင့် ရိက္ခာတင် ရေယာဉ်သင်္ဘောတွေဟာ မန္တလေးကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနေပြီး မြစ်ကမ်းတလျှောက်မှာ စကစတွေ လှုပ်ရှားမှု ရှိနေတာကြောင့် တိုက်ပွဲတွေ ဖြစ်နိုင်သလို မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိထားကြဖို့ ဒေသကာကွယ်ရေး တပ်တွေက သတိပေးထားပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကချင် #ရွှေကူ #မြို့လှ #KIA #KPDF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ