MFP ၊ နိုဝင်ဘာ - ၁၁
စစ်ကိုင်းတိုင်း မြောင်နယ်နဲ့ မကွေးတိုင်း ရေစကြိုနယ်၊ ရေလည်ကျွန်းဒေသ ချင်းတွင်းမြစ်ဘေးက ရွာတွေကို စစ်အုပ်စုက အင်အား(၃၀၀)ကျော်နဲ့ အဖွဲ့တွေ ခွဲပြီး ရွာစဥ်ပတ်မွှေ လုယက် ဓါးပြတိုက် မီးရှို့နေတာကြောင့် သောင်းချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုဟာ နိဝင်ဘာ(၆)ရက်က စတင်ပြီး မြောင်နှင့် ရေလည်ကျွန်းဒေသ ရွာတွေထဲ လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ လုယက် သောင်းကျန်း ဓားပြတိုက် မီးရှို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်အုပ်စု မီးရှို့လို့ နနွင်းကိုင်း၊ ဆင်ခြေယာ၊ မာကလာခြံ၊ မြေစွန်းတော်၊ ရွှေတချောင်း၊ သုခဒီပ၊ ဆူးလေကုန်း၊ သူဌေးကုန်း၊ မြစ်သာ၊ ဆင်လှောင် စတဲ့ ကျေးရွာ ကိုးရွာထက်မနည်း မီးလောင်ပြာကျခဲ့ပြီး စစ်အုပ်စုက ဆက်လက်ပြီး လုယက် ဓားပြတိုက် မီးရှို့ဖျက်ဆီးနေဆဲမို့ ပျက်စီးဆုံးရှံးမှု အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက မီးရှို့လိုက်တဲ့အထဲ စစ်ကောင်စီ သစ္စာခံ ဗိုလ်တွေ၊ ဗိုလ်မှူးတွေရဲ့ နေအိမ်တွေလည်း မီးလောင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မြောင်နှင့် ရေစကြိုမြို့န.ယ် ရေလည်ကျွန်းဒေသ ကျေးရွာ (၁၀)ရွာထက်မနည်းက ဒေသခံပြည်သူ နှစ်သောင်းကျော် စစ်ပြေးနေရပြီး စစ်ပြေးပြည်သူတွေရဲ့ စားသောက်နေထိုင်ရေးအတွက် အချင်းချင်း တတ်နိုင်သလောက် ကူညီပေးနေကြတယ်လို့ ဆိုပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မြောင် #မကွေး #ရွာ #အိမ် #မီးရှို့
မြောင်နှင် ရေစကြိုနယ် ကျေးရွာတွေကို စစ်အုပ်စုက ဆက်လက် စီးနင်း လုယက် မီးရှို့နေ၊ ဒေသခံပြည်သူ သောင်းချီကာ ထွက်ပြေးနေရ၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024