မြင်းမူမှာ ဖက်ဆစ်တပ်က ကားပေါ်ပါသူ သုံးဦးကို ပစ်သတ်ပြီး ကားကို လုယက်သိမ်းယူ၊ သေဆုံးသူတွေကို PDF တွေလို့ တံဆိပ်ကပ်၊

မြင်းမူမှာ ဖက်ဆစ်တပ်က ကားပေါ်ပါသူ သုံးဦးကို ပစ်သတ်ပြီး ကားကို လုယက်သိမ်းယူ၊ သေဆုံးသူတွေကို PDF တွေလို့ တံဆိပ်ကပ်၊

MFP ၊ သြဂုတ် - ၁၉

စစ်ကိုင်းတိုင်း မြင်းမူမြို့မှာ ပြည်သူတွေကို လက်နက်ပြ ငွေညှစ်နေတဲ့ ဖက်ဆစ်တပ်က မနေ့က ညနေပိုင်းမှာ ကားရပ်မပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကားပေါ်ပါသူ သုံးဦးကို ပစ်သတ်ခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

သြဂုတ်(၁၈)ရက် မနေ့က ညနေ(၇)နာရီက မြင်းမူမြို့နယ် လက်ထုတ္တောရွာဘက်ကနေ မြင်းမူမြို့ဘက် မောင်းနှင်လာတဲ့ ကားတစ်စီးကို တားဆီးရာ ကားရပ်မပေးတဲ့အတွက် ပစ်သ-တ်လိုက်တာလို့ ဖက်ဆစ်အုပ်စုက ဆိုပြီး ကားပေါ်ပါ သေဆုံးသူ သုံးဦးကို PDF တွေလို့ ဖက်ဆစ်တပ်က သတင်းမှားဖြန့်ပါတယ်။

“လက်ထုတ္တော ကျေးရွာဘက်မှ မောင်းနှင်လာသည့် ကားတစ်စီးအား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်နှင်ထွက် ပြေးသဖြင့် လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ပဒက် သုံးကင်နဲ့အတူ ပစ္စတို တစ်လက်၊ ကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း” လို့ ဖက်ဆစ်တပ်ရဲ့ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ က သတင်းမှားဖြန့်ပါတယ်။

မြင်းမူမြို့မှာ ပြည်သူတွေကို လက်နက်ပြ ငွေညှစ်နေတဲ့ ဖက်ဆစ်တပ်ဟာ ခရီးသွားပြည်သူတွေကို ထင်တိုင်းကျဲ မကြာခဏ ပစ်သ-တ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အမျိုးသားတစ်ဦးကို မြင်းမူ ကြံ့ဖွံ့ရုံးမှာ အစောင့်ကျနေတဲ့ ဖက်ဆစ်တပ်သားတွေက ငွေညှစ်တာ မရလို့ လူကို ပစ်သ-တ်ပြီး ဆိုင်ကယ်လုယက်ခဲ့သလို ပြီးခဲ့တဲ့ လပိုင်းကလည်း ကားရပ်မပေးလို့ဆိုပြီး အသက်(၁၉)နှစ်အရွယ် မန္တလေး ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦး အပါအဝင် ပြည်သူတချို့ကို ပစ်သ-တ်ခဲ့ပါသေးတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းမူ #မုံရွာ #ပြည်သူ #ကား 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ