မန္တလေး သိပ္ပံလမ်းပေါ်က မြန်မာဘီယာရုံး ဗုံးထုခံရ၊ ဝန်ထမ်းနှစ်ဦး ထိခိုက်မိ၊

မန္တလေး သိပ္ပံလမ်းပေါ်က မြန်မာဘီယာရုံး ဗုံးထုခံရ၊ ဝန်ထမ်းနှစ်ဦး ထိခိုက်မိ၊

MFP ၊ သြဂုတ် - ၂၂

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းပေါ်က မြန်မာဘီယာ ဖြန့်ဖြူရောင်းချတဲ့ရုံး ဒီကနေ့ နေ့လည်ပိုင်းမှာ ဗုံးထုခံရပြီး ဝန်ထမ်းနှစ်ယောက် အသေးစား ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ MFP ရဲ့ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ သြဂုတ်(၂၂)ရက် နေ့လည်(၁)နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၁၀၁(သိပ္ပံလမ်း)လမ်းပေါ် (၅၇)လမ်းနှင့် (၅၈)လမ်းကြားက မြန်မာဘီယာ ရုံးဝင်းအတွင်း လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခံရတာ ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် အသက်(၁၈)နှစ် နှင့် (၁၉)နှစ်အရွယ် ဝန်ထမ်းနှစ်ဦး ခြေထောက်မှာ အသေးစား ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်အုပ်စု ထာက်တိုင် စီးပွာရေးဖြစ်တဲ့ မြန်မာဘီယာကို ဆက်လက် ဖြန့်ဖြူးရောင်းချနေလို့ သတိပေး ဖောက်ခွဲခဲ့တာ ဖြစ်ကြောင်းနှင့် မန္တလေးမြို့က မြန်မာဘီယာ ရောင်းချနေတဲ့ Liquor Store တွေ၊ KTV တွေ၊ ဘားတွေ၊ ဘီယာဆိုင်တွေကိုလည်း စုံစမ်းသိရှိထားပြီး လာမယ့် စက်တင်ဘာ(၁၅)ရက်နောက်ပိုင်း ဆက်လက် ရောင်းချနေသူတွေကို ပြစ်ဒဏ်ချမှတ်မယ်လို့ မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ခုက သတိပေး ထုတ်ပြန်ထားတယ်လို့ မန္တလေး မြေပြင် ကင်းထောက်အဖွဲ့ MDY Revolution က ဖော်ပြပါတယ်။

မန္တလေး သိပ္ပံလမးပေါ်က မြန်မာဘီယာရုံးဟာ ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းကလည်း ဗုံးထုခံခဲ့ရဖူးပါတယ်။

စစ်အုပ်စုရဲ့ စီးပွားရေး လုပ်ငန်းတွေကို အားပေးသုံးစွဲခြင်းဟာ ပြည်သူကို သ-တ်မယ့် ကျည်ဆံဖိုးအဖြစ် ထောက်ပံ့ပေးရာရောက်လို့ စစ်အုပ်စု ထုတ်ကုန်နှင့် စစ်အုပ်စုနှင့် ဆက်နွှယ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ အာဏာသိမ်းမှု ဆန့်ကျင်သူတွေက သတိပေး တိုက်တွန်းနေတာ ဖြစ်ပါတယ်။

မန္တလေး သိပ္ပံလမ်းပေါ်က မြန်မာဘီယာရုံး ပထမအကြိမ် ဗုံးထုခံရစဉ်/Photo - ပေးပို့

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ချမ်းမြသာစည် #ဘီယာ #ရုံး #ဗုံးထု 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ