မန္တလေးမှာ အမျိုးသားတစ်ဦးကို လက်လုပ်မိုင်း ပြုလုပ်တယ်လို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး၊

မန္တလေးမှာ အမျိုးသားတစ်ဦးကို လက်လုပ်မိုင်း ပြုလုပ်တယ်လို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီး၊

MFP ၊ အောက်တိုဘာ - ၁၀

မန္တလေးမြို့အနှံ့ လှည့်မွှေသောင်းကျန်းကာ ပြည်သူကို ရန်ပြု ဖမ်းဆီး ငွေညှစ်နေတဲ့ စစ်အုပ်စုက ပြည်ကြီးတံခွန်မြို့နယ်နေ အမျိုးသားတစ်ဦးကို လက်လုပ်မိုင်းတွေ ပြုလုပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ဒိနေ့ အောက်တိုဘာ(၁၀)ရက် မနက်(၈)နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ လက်လုပ်မိုင်းတွေ ပြုလုပ်တဲ့ ဦးမောင်ခိုင် ဆိုသူကို ဖမ်းမိခဲ့တာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပြီး အသေးစိတ်ကိုတော့ ဖော်ပြမထားပါဘူး။

စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ ထင်တိုင်းကျဲ ဖမ်းဆီးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်း သတ်-ဖြတ်တာတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီကို သစ္စာခံတဲ့ ပျူတွေ၊ အုပ်ကြီးတွေ၊ မီးသတ်နှင့် စည်ပင်တွေက လက်ညှိုး ထိုးပြသူတိုင်းကို ဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေ၊ လမ်းတွေကို ပိတ်ဆို့ကာ ဂိတ်ဖွင့်ပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်နေသလို ဧည့်စာရင်းအကြောင်းပြပြီး နေအိမ်တွေထဲထိ စီးနင်းဝင်မွှေလုယက် ဖမ်းဆီတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက သူတို့ ဖမ်းမိသူတွေအကြောင်း သတင်းအမှောင်ချကာ အများစုကို မန္တလေး နန်းတွင်းထဲက စစ်ကြောရေးကို ပို့ကာ ညှဉ်းပန်း သတ်-ဖြတ်နေပြီး စိတ်ကြိုက် ဥပဒေ၊ ပုဒ်မတပ်ကာ ထောင်ချတာတွေလည်း လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #လက်လုပ်မိုင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ