ဝက်လက် ရှိမ်းမကားမှာ စစ်အုပ်စု မူးရူးပြီး ညသန်ခေါင် ရွာကို မီးရှို့လို့ အိမ်လေးလုံး ပြာကျ၊ ညစဉ် မူးရူးသောက်စား သောင်းကျန်းနေလို့ ဒေသခံတချို့ သေဆုံးပြီး ပြည်သူတွေ ထွက်ပြေးနေရ၊

ဝက်လက် ရှိမ်းမကားမှာ စစ်အုပ်စု မူးရူးပြီး ညသန်ခေါင် ရွာကို မီးရှို့လို့ အိမ်လေးလုံး ပြာကျ၊ ညစဉ် မူးရူးသောက်စား သောင်းကျန်းနေလို့ ဒေသခံတချို့ သေဆုံးပြီး ပြည်သူတွေ ထွက်ပြေးနေရ၊

MFP ၊ နိုဝင်ဘာ - ၁၂

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှမ်းမကားရဲစခန်းက စစ်အုပ်စု မူးရူးသောက်စားပြီး မနေ့က ညသန်းခေါင်အချိန် ရွာကို မီးရှို့လို့ နေအိမ်လေးလုံး မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နိုဝင်ဘာ(၁၁)ရက် မနေ့က ည(၁၁)နာရီကျော်မှာ ရှိမ်းမကားရဲစခန်းထဲက စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေ မူးရူးသောက်စားပြီး ရှိမ်းမကားရွာ ရွာလယ် ဓမ္မာရုံ အနောက်ဘက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးလို့ လက်ဘက်ရည်ဆိုင်၊ ကုန်မာဆိုင် အပါအဝင် နေအိမ်လေးလုံး မီးလောင်ပြာကျခဲ့တယ်လို့ ဆိုပါတယ်။

“ရှိမ္မကားကျေးရွာ စခန်း အထိုင်ချနေသည့် စခ များ ရဲစခန်းအရှေ့ဘက် ကပ်လျက်ရှိသော ကဖေးဆိုင်၊ ကုန်မာဆိုင် နှင့် နေအိမ် တချို့စုစုပေါင်း လေးလုံး မီးရှို့ခံရကြောင်း သိရှိရ။ အခြားသော ပျက်စီးမှုများ အတည်မပြုနိုင်သေး။ လက်ရှိမြေပြင် အခြေနေအရ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ” လို့ ဝက်လက်နယ် မြေပြင်သတင်းက ဖော်ပြပါတယ်။

ဝက်လက်မြို့နယ် ရှိမ်းမကား ရဲစခန်းထဲက စစ်အုပ်စုဟာ ဒေသခံပြည်သူကို ဖမ်းဆီးငွေညှစ်ပြီး ခိုးရာပါ ပစ္စည်းတွေနဲ့ မူးရူးသောက်စားကာ ညစဉ်ညတိုင်း ပြည်သူကို ရန်ပြုသောင်းကျန်းနေပြီး နေအိမ်တွေရှိရာဘက် လက်နက်ကြီးနဲ့ ထုတာ၊ အိမ်မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက် တန်ဆောင်တိုင် ညကလည်း ဝက်လက်နယ် ရှိမ္မကားရဲစခန်းထဲက စစ်အုပ်စု မူးရူးသောက်စားပြီး လက်နက်ကြီးနဲ့ ထုတာကြောင့် ရှိမ္မကားရွာက နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲပြီး မိခင်ဖြစ်သူ သေဆုံးကာ သုံးနှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် သုံးဦး ဒဏ်ရာရခဲ့သလို နေအိမ်လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #ဝက်လက် #ရှိမ္မကား #မိသားစု #မိခင်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ