မန္တလေးမှာ စစ်ကောင်စီ သစ္စာခံဝန်ထမ်းတွေကို လျှက်ဆားကျွေး၊ ထိခိုက်သူတွေရှိ၊

မန္တလေးမှာ စစ်ကောင်စီ သစ္စာခံဝန်ထမ်းတွေကို လျှက်ဆားကျွေး၊ ထိခိုက်သူတွေရှိ၊

MFP ၊ အောက်တိုဘာ - ၂၅

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ကန်ကောက်အရှေ့ရပ်၊ အိုးအိမ်တိုက်တန်းမှာ နေထိုင်တဲ့ စစ်ကောင်စီ သစ္စာခံ ထွေအုပ်နှင့် Non CDM ဝန်ထမ်းတွေကို မနေ့ညက လျှက်ဆားပုလင်း ပစ်ကျွေးခဲ့ရာ သုံး၊ လေးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ No More Dictatorship People Defense Force-NMD က သတင်း ထုတ်ပြန်ပါတယ်။

"အိုးအိမ်တိုက်ခန်း၌ ဇောင်းကြွနေသော ပျူ၊ ဒလန်၊ စခနောက်လိုက် အပေါင်းအပါ ထွေအုပ်များနှင့် Non CDM ကျွန်များ အစည်းအဝေး လုပ်နေချိန် လျှက်ဆားဖြင့် ကျွေးမွေးနှုတ်ဆက်ခဲ့ရာ သုံး၊ လေးကောင်ခန့် ထိခိုက်သည်ဟု ကနဦး သိရပါသည်။ ထိခိုက်မှု အတိပကျ စုံစမ်းဆဲ ဖြစ်ပါသည်။ စကစ အလိုကျ CDM များကို ဖိအားပေးခြင်းနှင့် မီတာကြေး၊ လမ်းကြေး အတင်းအဓမ္မ ကောက်ခံနေခြင်းကြောင့် ဖောက်ခွဲ ဆုံးမခဲ့ပါသည်" လို့ No More Dictatorship People Defense Force-NMD က ဖော်ပြပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် NOn CDM ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်ရေးဝန်ထမ်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။

စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တွေရော လက်နက်ကိုင်မဟုတ်တဲ့ တခြား ဝန်ထမ်းတွေကပါ မန္တလေးမြို့အနှံ့ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ အနိုင်ကျင့်ဖိနှိပ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပစ်မိုင်းနဲ့ တိုက်ခိုက်ခံရပြီး ဒဏ်ရာရသွားတဲ့ စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတစ်ယောက်/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #NonCDM #ပုသိမ်ကြီး #ဝန်ထမ်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ