MFP ၊ ဩဂုတ် - ၁၇
စစ်အုပ်စုက ဩဂုတ်လ (၁၆) ရက် တစ်နေ့တည်းမှာ စစ်ကိုင်းတိုင်းထဲက ရွာပေါင်း (၅) ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ MFP က ပြုစုထားတဲ့စာရင်းတွေအရ သိရပါတယ်။
မနေ့က မီးရှို့ဖျက်ဆီးခံရတဲ့ ရွာ (၅) ရွာအနက် ရွာနှစ်ရွာရဲ့ စာရင်းကိုသာ ကနဦးအနေနဲ့ သိရပြီး ကျန်ရွာ (၃) ရွာ ရဲ့ မီးလောင်ဆုံးရှုံးမှုစာရင်းကို MFP က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဩဂုတ်လ (၁၆) ရက်မှာ ကလေးမြို့နယ်ထဲက လယ်စိုက်နေတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုက သ-တ်ဖြ-တ်ခဲ့ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းမှာ ဒီလအတွင်း စစ်အုပ်စု သ-တ်ဖြ-တ်လို့ သေဆုံးသူ အရပ်သားပြည်သူ (၆၀) နီးပါးအထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်ကာလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း (၁၈,၀၀၀) ကျော်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
MFP အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက ရရှိလာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင်အခြေအနေနဲ့ အနည်းငယ် ကွဲလွဲမှုရှိနိုင်ပါတယ်။
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မီးရှို့ဖျက်ဆီး #ရွာမီးရှို့