ဝက်လက်နယ်ထဲ စစ်အုပ်စု ဝင်မွှေသောင်းကျန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူသုံးဦး ဒဏ်ရာရ၊

ဝက်လက်နယ်ထဲ စစ်အုပ်စု ဝင်မွှေသောင်းကျန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူသုံးဦး ဒဏ်ရာရ၊

MFP၊ ဩဂုတ် - ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်း အင်ဒေါင်းကျေးရွာထဲ ဒီကနေ့ စစ်အုပ်စု ဝင်မွှေလုယက် သောင်းကျန်းနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီကနေ့ ဩဂုတ်(၅)ရက် နေ့လည်(၁၂)နာရီဝန်းကျင်မှာ စစ်အုပ်စုက ဝက်လက်မြို့နယ် အင်ဒေါင်းရွာထဲ ဝင်မွှေသောင်းကျန်းနေတာလို့ ဆိုပါတယ်။

စစ်အုပ်စုက ကျေးရွာတွေထဲက ပြည်သူတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သုံးဦး ထိခိုက်ဒဏ်ရာရကြောင်းနှင့် ဒဏ်ရာရသူ အရေအတွက်သာ သိရပြီး အသေးစိတ် အခြေအနေတွေ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်စုဟာ ဝက်လက်နယ် အရှေ့ခြမ်းက ရွာတွေဘက် စက်လှေ(၁၂)စီးနဲ့ ရွာစဉ်ပတ်မွှေ လုယက် ဓားပြတိုက် သောင်းကျန်းနေလို့ ပြည်သူတွေ သတိထားကြဖို့ ဝက်လက်နယ် Tiger King အဖွဲ့က သတိပေးထားပါတယ်။

အင်ဒေါင်းရွာထဲ ဝင်မွှေလုယက် သောင်းကျန်း ပြီးနောက်မှာတော့ စစ်အုပ်စုဟာ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာဘက် ဆက်လက် ထွက်ခွါသွားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ ဝက်လက်နယ် အရှေ့ခြမ်းမှာသာမက ဝက်လက်နယ် အနောက်ခြမ်းက ရွာတွေကိုလည်း ဝင်မွှေလုယက် သောင်းကျန်းနေပြီး မနေ့က ဩဂုတ်(၄)ရက်မှာ ဝက်လက်မြို့နယ် အနောက်ခြမ်းက မြင်းသည်ရွာ ၊ မူးကမ်းလေးရွာ နဲ့ ကျောက်တိုင်ရွာတွေထဲ ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်ကာ စီးနင်းလုယက်ခဲ့သလို ဒီနေ့ သြဂုတ်(၅)ရက် မနက်(၁၀)နာရီလောက်မှာလည်း မူးကမ်းလေးရွာဘက် ရဟတ်ယာသ်တွေဝဲပြီး ဆက်လက်ပစ်ခတ် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #အင်ဒေါင်း #လက်နက်ကြီး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ