ခင်ဦးမြို့လူထု ဆန္ဒပြစဉ်က ဓားကိုင်၊ ဆဲဆိုပြီး ထမိန်လှန်ပြခဲ့တဲ့ ရဲမိန်းမ မိချို ဆိုသူ ဒီမနက် ဈေးထဲမှာ အသ-တ် ခံရ၊

ခင်ဦးမြို့လူထု ဆန္ဒပြစဉ်က ဓားကိုင်၊ ဆဲဆိုပြီး ထမိန်လှန်ပြခဲ့တဲ့ ရဲမိန်းမ မိချို ဆိုသူ ဒီမနက် ဈေးထဲမှာ အသ-တ် ခံရ၊

MFP ၊ စက်တင်ဘာ - ၂၂

စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ လူထုသပိတ်တွေ ချီတက်ဆန္ဒပြစဉ်က ဓားကိုင်ပြီး အော်ဟစ်ဆဆြိုကာ ထမိန်လှန်ပြခဲ့တယ်ဆိုတဲ့ ခင်ဦးရဲစခန်းထဲက ရဲမိန်းမ မိချို ဆိုသူ အမျိုးသမီး ဒီမနက်ပိုင်း ခင်ဦးမြို့မဈေးထဲမှာ အသ-တ်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာ(၂၂)ရက် မနက်(၇)နာရီကျော်က ခင်ဦးမြို့မ ဈေးထဲမှာ ရဲမိန်းမ မိချိုဆိုသူ အသ-တ် ခံရတာဖြစ်ပြီး လက်ရှိမှာ စစ်အုပ်စုက ကားသုံးစီးနဲ့ ခင်ဦးမြို့ပေါ် လှည့်မွှေ သောင်းကျန်းနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

“ခင်ဦးမြို့ပေါ်တွင် အာဏာသိမ်းပြီးစဉ် ကာလက ပြည်သူလူထုမှ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဓားကိုင် မိုက်ရိုင်းစွာ ဆဲဆိုပြီး လုံချည်(ထမိန်)လှန်ပြသည့် ခင်ဦးမြို့မ ရဲစခန်းအတွင်းမှ ရဲကတော် (ရဲမိန်းမ) မိချိုအား ယနေ့ နံနက် (၇)နာရီ ဝန်းကျင်အချိန်တွင် ခင်ဦးမြို့မဈေး ဈေးဝယ်ထွက်စဉ် သုတ်သင် ရှင်းလင်းခံရပြီး မြို့ပေါ် ကား သုံးစီးနဲ့ ခွေးများ ခြေရှုပ်နေပါတယ်” လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။

သေဆုံးသူ အမျိုးသမီးနှင့် ပတ်သက်တဲ့ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ခင်ဦးနယ်ဟာ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ မြို့နယ်ဖြစ်ပြီး စစ်အုပ်စုကလည်း ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီးတာ၊ သတ်-ဖြတ်တာ၊ ရွာမီးရှို့တာတွေ ကျူးလွန်နေပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ခင်ဦး #ခင်ဦးမြို့မဈေး 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ