ထီးးလင်းမြို့ပေါ်က ဖက်ဆစ်တပ် အခြေစိုက်နေရာတွေကို လက်နက်ကြီးနဲ့ထု၊ ဖက်ဆစ်တပ်က လက်နက်ကိုင်အင်အား(၁၆၀)ကျော်နဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ ကြိုးစားနေ၊

ထီးးလင်းမြို့ပေါ်က ဖက်ဆစ်တပ် အခြေစိုက်နေရာတွေကို လက်နက်ကြီးနဲ့ထု၊ ဖက်ဆစ်တပ်က လက်နက်ကိုင်အင်အား(၁၆၀)ကျော်နဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ ကြိုးစားနေ၊

MFP၊ သြဂုတ် - ၂၆

မကွေးတိုင်း၊ ယောဒေသ ထီလင်းမြိုပေါ်က ဖက်ဆစ်တပ် အခြေစိုက် နေရာနှစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်သား တစ်ယောက်သေပြီး သုံးယောက် ဒဏ်ရာရတယ်လို ယောဒေသ ကာကွယ်ရေးတပ် - YDF (ထီးလင်း) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ သြဂုတ် (၂၆)ရက် နေ့လည်ပိုင်း ထီးလင်းမြို့ စီးပွားရေးဘဏ်မှာ အစောင့်ချထားတဲ့ ဖက်ဆစ်တပ်တွေကို လက်နက်ကြီး တစ်လုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မနေ့က ညနေပိုင်းကလည်း ထီးလင်းမြို့ တောင်ပိုင်းရဲစခန်းဝင်းထဲကို လက်နက်ကြီးတစ်လုံးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့ တိုက်ခိုက်မှုကြောင့် ဖက်ဆစ်တပ်သားတွေ အသေအပျောက် အခြေအနေ မသိရသေးဘဲ မနေ့က တိုက်ခိုက်အမှုမှာ ရဲတစ်ယောက်သေပြီး၊ သုံးယောက်ဒဏ်ရာရသွားတယ်လို YDF(ထီးလင်း)က ဖော်ပြပါတယ်။

"တိုက်ခိုက်မှုနှစ်ခုလုံးက ကျနော်တို နည်းပညာပိုင်း အကူအညီနဲ့ ထုတာဗျ။ အပြန်အလှန် ပစ်ခတ်မှုအနေနဲ့ သူတိုဘက်က တိုက်ခိုက်ခံရတဲ့ အခါမှာ ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေ အထိ အခိုက်မရှိခဲ့ဘူး" လို့ YDF(ထီးလင်း) တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို YDF(ထီးလင်း) တပ်ရင်း(၇)၊ တပ်ရင်း(၈)နှင့် ပေါက်တောင်ပိုင်း တွေ့မရှောင် ပြောက်ကျားတပ်တို့ နည်းပညာဆိုင်ရာ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖက်ဆစ်တပ်ဟာ ထီးလင်းမြိုပေါ်မှာ သူတိုရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကင်းပုန်းတွေ၊ အထိုင်ချ စခန်းတွေနဲ့ လုပ်ဆောင်နေတာကို ဟန့်တားတဲ့အနေနဲ့ ဖက်ဆစ်တပ်ရဲ့ ရုံးဌာနတွေကို ရွေးပြီး တိုက်ခိုက်ခဲ့တာလို အထက်ပါ ရဲဘော်က ရှင်းပြပါတယ်။

ဒီရက်ပိုင်းမှာ ဂန့်ဂေါဘက်ကလာတဲ့ ဖက်ဆစ်တပ်တွေ ထီးလင်းမြိုကို ထပ်ရောက်လာပြီး ယခင်ရှိနေတဲ့ စစ်သားနဲ့ ရဲအပါအဝင် ထီးလင်းမြိုပေါ်မှာ ဖက်ဆစ်တပ် အင်အား (၁၆၀)ကျော်နဲ့ ယန္တရားလည်ပတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ထီးလင်းမြို့နယ်ထဲ ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ YDF (ထီးလင်း)ရဲ့ ရုံးအဖွဲ့/Photo – YDF

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ယော #မကွေး #ထီးလင်း #YDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ