ဝက်လက်နယ်မှာ (၈၈၈၈) လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ၊

ဝက်လက်နယ်မှာ (၈၈၈၈) လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ၊

MFP ၊ သြဂုတ် - ၈

ဒိနေ့ ကျရောက်တဲ့ (၈၈၈၈) လူထုအရေးတော်ပုံ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဦးဆောင်ပြီး လူထုဟောပြောပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

အဲ့ဒီ ဟောပြောပွဲမှာ ဝက်လက်မြို့နယ် လူထုသပိတ် ကော်မတီဝင်တွေက တက်ရောက်လာတဲ့ ဒေသခံပြည်သူတွေကို ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးတိုက်ပွဲမှာ ဆက်လက်ပူးပေါင်း ပါဝင်ပေးကြဖို့ ဟောပြောခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်စစ်ဒေသ) ၊ ရွှေဘိုခရိုင်တပ်ရင်း (၁၅) (Tiger King) ၊ GZ Special Take Force - Wetlet နှင့် ဒေသခံ ပ.က.ဖ တပ်ဖွဲ့ဝင်တွေက လုံခြုံရေး ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှုနိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဝက်လက် #ကျောင်းသားသမဂ္ဂ #ဗကသ #သပိတ် #PeopleStrike #လူထု

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ