ဆားလင်းကြီး ညောင်ပင်ကြီး ရဲစခန်းက စကစ လေးယောက်ကို သုတ်သင်ရှင်းလင်း၊ သေနတ် လေးလက် ရရှိ၊

ဆားလင်းကြီး ညောင်ပင်ကြီး ရဲစခန်းက စကစ လေးယောက်ကို သုတ်သင်ရှင်းလင်း၊ သေနတ် လေးလက် ရရှိ၊

MFP ၊ အောက်တိုဘာ - ၄

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းထဲက ဈေးဝယ်ထွက်လာတဲ့ စကစ လေးယောက်ကို မနေ့က နေ့လည်ပိုင်းမှာ ကြားဖြတ် တိုက်ခိုက် သုတ်သင်နိုင်ခဲ့ပြီး သေနတ် လေးလက် သိမ်းယူ ရရှိခဲ့တယ်လို့ အမိမြေ တော်လှန်ရေးတပ်ဖွဲက သတင်း ထုတ်ပြန်ပါတယ်။

အောက်တိုဘာ(၃)ရက် နေ့လည်ပိုင်းက ညောင်ပင်ကြီးရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ သစ္စာခံ ရဲလေးယောက်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး G-3 သေနတ် လေးလက်၊ ကျည်ဘောက်များ ၊ ကျည်များနှင့် လက်ပစ်မိုင်း တစ်လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို အမိမြေတော်လှန်ရေးတပ်ဖွဲ့၊ Young People Force နှင့် Salingyi GZ Local PDF တို ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဆားလင်းကြီး #ညောင်ပင်ကြီး #အမိမြေ #SalingyiGZ #YoungPeopleForce

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ