မန္တလေး စိန်ပန်းမှာ စစ်အုပ်စုက စားသောက်ကုန်အယောင်ပြရောင်းချပြီး မီတာတွေ လိုက်ဖြတ်

မန္တလေး စိန်ပန်းမှာ စစ်အုပ်စုက စားသောက်ကုန်အယောင်ပြရောင်းချပြီး မီတာတွေ လိုက်ဖြတ်

MFP ၊ ဩဂုတ် - ၂၅

မန္တလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်မှုအားကောင်းတဲ့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ထဲ ဒီမနက်ပိုင်းမှာ စစ်အုပ်စုက စားသောက်ကုန်တွေ အယောင်ပြရောင်းချပြီး နောက်ကွယ်မှာတော့ ပြည်သူတွေရဲ့ အိမ်သုံးလျှပ်စစ်မီတာတွေကို လိုက်ဖြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကမ်းနားလမ်းပေါ်က စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အခြေခံစားသောက်ကုန်တွေ ရောင်းချပေးတယ်ဆိုပြီး စစ်လော်ဘီတွေကတစ်ဆင့် သတင်းလွှင့်ခဲ့ပေမယ့် ပြည်သူအနည်းငယ်ကသာ ဝယ်ယူခဲ့တာတွေ့ရတယ်လို့ ဒေသခံအချို့က ဆိုပါတယ်။

ဒါပေမယ့် အဲဒီဟန်ပြရောင်းချတာရဲ့နောက်ကွယ်မှာတော့ ရပ်ကွက်ထဲ ဒီနေ့ မနက်ပိုင်းကစပြီး လက်နက်ကိုင်ဆောင်ကာ နေအိမ်တွေကို မီးလိုက်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

" ဒီဘက်မှာ မီတာမဆောင်တဲ့သူတွေများတယ်၊ အချို့ကလည်း တစ်နှစ်စာလောက် ဆောင်ထားတာရှိတယ်၊ အချို့ကျတော့လည်း ကိုဗစ်ကတည်းကနေ မဆောင်ဖြစ်သေးတာ စစ်အာဏာသိမ်းလိုက်တော့ မဆောင်တော့တာလည်း ရှိတယ်၊ ပုံစံအမျိုးမျိုးပါပဲ၊ အချို့ခိုးပြီး ဆောင်ထားတဲ့သူအချို့လည်း ရှိတာပေါ့၊ အခုအဖြတ်ခံရတဲ့အထဲက အချို့ အိမ်တွေကတော့ ကြောက်လို့ ချက်ချင်းရုံးမှာ မီတာသွားဆောင်နေကြတယ် ကြားတယ်" ဟု ဒေသခံတစ်ယောက်က MFP ကို ပြောပါတယ်။

စိန်ပန်းရပ်ကွက်ဟာ စစ်အုပ်စုနဲ့ ထောက်တိုင်တွေကို ရှင်းလင်းသုတ်သင်မှုအားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး အုပ်ချုပ်ရေးမှူး၊ သတင်းပေး၊ ပျူစောထီးနဲ့ စကစတပ်သားတွေကို ရှင်းလင်းထားတယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ မန္တလေးမြို့ပေါ်မှာ လက်နက်အားကိုးနဲ့ နေအိမ်တွေကို မီတာလိုက်ဖြတ်တာတွေ လုပ်ဆောင်နေပြီး လျှပ်စစ်ရုံး၊ လျှပ်စစ်ဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေက မကြာခဏ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

မနှစ်က မန္တလေးမှာ လက်နက်ကိုင်ရမ်းကားနေတဲ့ စစ်အုပ်စု/ ဓာတ်ပုံ - CJ

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စိန်ပန်းရပ်ကွက် #မဟာအောင်မြေ #မီတာလိုက်ဖြတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ