MFP ၊ စက်တင်ဘာ - ၄
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ထဲ စစ်အုပ်စုနဲ့ ပေါင်းကာ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေပြီး ပျူတွေအတွက် ကောက်စိုက်ပေးဖို့ ကောက်စိုက်သမတွေကို လက်နက်ပြ ခြိမ်းခြောက် ခိုင်းစေနေသူ၊ စကစ ရာအိမ်မှူး တစ်ယောက်ကို သု-တ်-သင် ရှင်းလင်းခဲ့တယ်လို့ ရွှေဘို ဗိုလ်မိကျောင်းအဖွဲ့ နှင့် ကျားပျံဖွဲ့ - C&T SHWEBO က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၂)ရက်က ရွှေဘိုမြို့နယ် တက်တူကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မူး၊ ပျူအဖွဲ့ဝင် သန်းထိုက် ဆိုသူကို ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
“တက်တူ ကျေးရွားနေ ပြည်သူတွေကို လက်နက်ကိုင်ပြီ အမျိုးမျိုး ဒုက္ခပေးပြီး ဘေးရွာတွေမှာလည်း စကစတွေနဲ့ လမ်းပြ လိုက်ဆောင်သူလည်း ဖြစ်ပါတယ် တဆက်ထဲမှာ ပလိုင်းကျေးရွာ ပျူခေါင်းဆောင် ဖိုးနိင်၏ လယ်ခွင် လာရောက်ပြီး စကစများနှင့်တူ ကျေးရွာနေ ပြည်သူ ကောက်စိုက်သမ များကို မလိုက်မနေ စိုက်မပေး မနေရ ခြိမ်းခြောက် ခေါ်ဆောင်ရာမှာလည်း အတူပါဝင် လိုက်ပါ လာခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည့်တွက် ….. တော်လှန်ရေး ရဲဘော်များနေဖြင့် ပြည်သူ သက်အိုးအိမ် စည်းစိမ်ကို ရှေ့ရှု့၍ မဖြစ်မနေ သန်းထိုက် ကို သွားလိုရာ ခရီးကို ပို့ဆောင်ပေးခဲ့ပါသည်” လို့ C&T SHWEBO က ဖော်ပြပါတယ်။
C&T SHWEBO (LPDF)၊ ငါးမည်ရ ပြည်သူကာကွယ်ရေး တပ်ဖွဲ့ ၊ ဒေါင်းမာန်-ရွှေဘို(LPDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို (LPDF)၊ SHWEBO FEDERRL Army၊ ရွှေဘို စွန်ရဲ(LPDF)၊ SNAKE EYES (LPDF)၊ MDF – ShweBo၊ ဇေယျာသွေး ကျားရိုင်း(LPDF)၊ ဇာမဏီဒေါင်း၊ ALPHR 7 (LPDF)၊ BO BA TAW (LPDF)နှင့် SBO ဗိုလ်မြင်းပျံ (LPDF) တို့ ပူးပေါင်းပြီး ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ရွှေဘိုနယ် ပလိုင်း ခေါ် ပန်းလှိုင်ရွာကို စစ်အုပ်စုနဲ့ ပျူတွေက ပြီးခဲ့တဲ့ ၂၀၂၁ ကတည်းက စီးနင်းထားကာ ဒေသခံတွေ ရွာထဲ ဆက်မနေရဲအောင် ရန်ပြု သောင်းကျန်းပြီးနောက် ပလိုင်းရွာက ပြည်သူပိုင် လယ်ကွက်တွေထဲ ပျူတွေအတွက် စပါးစိုက်ပျိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ပလိုင်းရွာ #တက်တူရွာ
ရွှေဘိုနယ်ထဲ စစ်အုပ်စုနှင့် ပေါင်းကာ သောင်းကျန်းနေပြီး ပလိုင်းရွာက ပြည်သူပိုင် လယ်ကွက်တွေမှာပျူတွေတွက် ကောက်စိုက်ပေးဖို့ လက်နက်ပြ ခြိမ်းခြောက် ခိုင်းစေနေသူကို ရှင်းလင်း၊
Featured
သြဂုတ်လ 25, 2024
သြဂုတ်လ 17, 2024
ဇွန်လ 23, 2024