မန္တလေးမြို့သစ်က ဂိမ်းဆိုင် ဗုံးထုခံရ၊ ဗုံးလာထုသူ နှစ်ဦးကို ဖမ်းမိဟု စစ်လော်ဘီတွေ သတင်းဖြန့်၊

မန္တလေးမြို့သစ်က ဂိမ်းဆိုင် ဗုံးထုခံရ၊ ဗုံးလာထုသူ နှစ်ဦးကို ဖမ်းမိဟု စစ်လော်ဘီတွေ သတင်းဖြန့်၊

MFP ၊ စက်တင်ဘာ - ၁၉

မန္တလေး၊ ချမ်းမြသာစည်မြို့သစ် မြရည်နန္ဒာရပ်ကွက်၊ ၁၁၄လမ်း၊ ၅၀ x ၅၁ လမ်းကြားမှာရှိတဲ့ အင်တာနက်ဂိမ်းဆိုင် တစ်ဆိုင် ဒီမနက် (၁၁) နာရီခွဲလောက်က ဗုံးထုခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆိုင်ကယ်စီး အမျိုးသားနှစ်ဦးက လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခတ်တာဖြစ်ပြီး ဆိုင်ရှေ့မှာ ပုလင်းခွံ အိတ်ခွံ ပလုံကောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ထိမှန်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

အမျိုးသမီးရဲ့ ဦးခေါင်းကို မိုင်းစ ထိမှန်ခဲ့တာဖြစ်ပြီး မွန်းလွဲပိုင်းအထိ သတိလစ်မေ့မျောနေကာ မည်သူမည်ဝါဆိုတာ မသိရသေးဘူးလို့လည်း စစ်အုပ်စုက ဆိုပါတယ်။

ဂိမ်းဆိုင်ကို ဗုံးထုမယ်ဆိုတဲ့ သတင်းအရ စစ်အုပ်စုက စောင့်ဆိုင်းနေစဉ် လက်လုပ်မိုင်းနဲ့ လာထုတဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမြို့ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် တွေ့ရတဲ့ စစ်အုပ်စု/Photo - S

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဂိမ်းဆိုင် #ဗုံး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ