မန္တလေးမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး စစ်ကောင်စီသစ္စာခံ ရပ်ကွက်ရုံး စာရေးမ သေဆုံး

မန္တလေးမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး စစ်ကောင်စီသစ္စာခံ ရပ်ကွက်ရုံး စာရေးမ သေဆုံး

MFP ၊ အောက်တိုဘာ - ၂၃

မန္တလေးမြို၊ ချမ်းအေးသာစံမြို့နယ်၊ (၆၆) လမ်း၊ (၃၃) လမ်းနဲ့ (၃၄) လမ်းကြားမှာ ဒီမနက်ပိုင်း သစ်ပင်ကို ဆိုင်ကယ်တိုက်မိပြီး သေဆုံးနေတယ်လို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးရဲ့အလောင်း တွေ့ရှိခဲ့ပြီး သေဆုံးသူဟာ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက စစ်ကောင်စီသစ္စာခံ စာရေးမဖြစ်တယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဆိုင်ကယ်မောင်းနေစဉ် အရှိန်လွန်ပြီး လက်ဘေးသစ်ပင်ကို ဝင်တိုက်ကာ မျက်နှာဖူးရောင် ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးတာလို့ စစ်အုပ်စုဘက်က ဆိုပြီး သေဆုံးသူ အမျိုးသမီးဟာ အသက် (၂၅)​ နှစ်အရွယ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ အရှိန်လွန်ပြီး လမ်းဘေးက သစ်ပင်ကို ဝင်တိုက်တာလို့ သိရတယ်။ တစ်ခုခုကို ရှောင်ပြီးဖြစ်တာလားဆိုတာတော့ မသိရဘူး။ ဆိုင်ကယ်ရှေ့ပိုင်းလည်း ကြေမွနေတယ်၊ မောင်းသူကတော့ မျက်နှာမှာပဲ ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာ “ လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သေဆုံးသူကို ရွှေချည်စေတနာ လူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သတင်း ရရှိပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ဆိုင်ကယ်မတော််တဆ #ရပ်ကွက်ရုံးစာရေးမ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ