မြင်းခြံမှာ စစ်အုပ်စုကို တိုက်ခိုက်မှု အရာရှိနဲ့ စကစ ငါးယောက် သေပေမယ့် စစ်ကူကြောင့် လက်နက်တွေ မရယူ နိုင်ခဲ့၊

မြင်းခြံမှာ စစ်အုပ်စုကို တိုက်ခိုက်မှု အရာရှိနဲ့ စကစ ငါးယောက် သေပေမယ့် စစ်ကူကြောင့် လက်နက်တွေ မရယူ နိုင်ခဲ့၊

MFP ၊ အောက်တိုဘာ - ၁

မန္တလေးတိုင်း မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ဒီနေ့ မနက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် စကစ ခြောက်ယောက် သေပေမယ့် စစ်ကူရောက်လာတာကြောင့် လက်နက်တွေ သိမ်းယူနိုင်တာ မရှိခဲ့ဘူးလို့ MGN Ranger တပ်ဖွဲ့က MFP ကို ပြောပါတယ်။

“မြို့နဲ့နီးတော့ စစ်ကူရောက်လာလို့ ပစ္စည်းတွေတော့ မရလိုက်ဘူး” လို့ MGN Ranger တပ်ဖွဲ့က ပြောပါတယ်။

မြင်းခြံနယ် မြောက်ကျွန်းရွာထဲ စီးနင်းအထိုင်ချနေတဲ့ စကစ (၁၀)ယောက်ကျော် ရှိပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ခြောက်ယောက် သေတယ်လို့ ဆိုပါတယ်။

“ယခုစစ်ဆင်ရေးအား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းဖြင့် လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်ခြင်း ခံခဲ့ရသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ကလေးငယ်များနှင့် ဆရာ/ဆရာမ များအတွက် လက်တုန့်ပြန် တိုက်ခိုက်ခဲ့သည်” လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ တလုပ်မြို့ People Defence Force – Taloke က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ စစ်ကောင်စီ သ္စစာခံ အရာရှိရဲ့ ဇနီးနဲ့ သုံးနှစ်အရွယ် ကလေးတစ်ဦးကို တွေ့ရှိခဲ့ပေမယ့် ရန်မပြုဘဲ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသကာကွယ်ရေး တပ်တွေက ဖော်ပြပါတယ်။

“မြင်းခြံမြို့၏ အနောက်မြောက်ဘက်တွင် ရှိသော မြောက်ကျွန်းကျေးရွာတွင် တပ်စွဲထားသော စခများ၏ စခန်းအား (မြင်းခြံခရိုင်တပ်ရင်း ၂) မှဦးဆောင်၍ ကျွန်ုပ်တို့ YSO.ISA ရေလယ်ကျွန်းဒေသ ပြောက်ကျားတယ်ဖွဲ့နှင့်အတူ မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲကြာမြင့်ချိန် (၄၅)မိနစ် အတွင်းလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခက်ခဲ့ရာ စခ များဘက်မှ အရာရှိ တစ်ကောင်အပါ အဝင် တပ်သား ခြောက်ကောင်အား ငရဲသို့ ပို့ပေးနိူင်ခဲ့ပါသည်။ ကျွန်ုပ် မဟာမိတ် အဖွဲ့များဘက်မှလည်း သုံးဦး မစိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့ပါသည်။ ၎င်း နောက် အနိမ့် ရွာဘက်မှ စခများ စစ်ကူ လာရောက်ခဲ့သောကြောင့် မိမိတို့မဟာမိတ် တပ်ဖွဲ့များ ဆုတ်ခွာခဲ့ရပါသည်” လို့ YSO.ISA ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့ က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို မဟာမိတ် ကိုးဖွဲ့ဖြစ်တဲ့ (၁) YSO.ISA ရေလယ်ကျွန်းဒေသပြောက်ကျားတပ်ဖွဲ့၊ (၂)PDF Taloke(မြင်းခြံခရိုင်တပ်ရင်း၂)၊ (၃)MGN.Ranger(မြင်းခြံခရိုင်တပ်ရင်း၂)၊ (၄)PDF.Mandalay၊ (၅) Black Wolf PDF၊ (၆) Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ (၇)ဒေါင်းညီနောင် PDF၊ (၈) Mobile People's Defense Forceနှင့် (၉)ဗိုလ်ကျားသစ် အဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

#MFP #MandalayFreePress #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြင်းခြံ #တိုက်ပွဲ #PDF 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ