တကောင်းမြို့မှာ PDF အယောင်ဆောင်ပြီး ခြိမ်းခြောက် ငွေညှစ်၊

တကောင်းမြို့မှာ PDF အယောင်ဆောင်ပြီး ခြိမ်းခြောက် ငွေညှစ်၊

MFP ၊ စက်တင်ဘာ - ၂၀

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် - PDF အယောင်ဆောင်ပြီး လိမ်လည် ခြိမ်းခြောက် ငွေညှစ်တာတွေ ရှိနေလို့ ဖော်ထုတ် အရေးယူမယ်လို့ တကောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

တကောင်းမြို့ပေါ်က ရွှေဆိုင်ကို ကျပ်သိန်း (၅၀၀) ပေးဖို့နှင့် သတ်မှတ်ရက်အတွင်း ငွေမပေးပါက အသက်ကို အာမ မခံဘူးလို့ ရေးထားတဲ့ စာနဲ့ ခြိမ်းခြောက် ငွေညှစ်တာ တွေ့ရပြီး အဲ့ဒီ ငွေညှစ်တဲ့စာကို တကောင်း PDF က ပေးပို့တာ မဟုတ်ဘဲ အယောင်ဆောင်ထားတာလို့ ဆိုပါတယ်။

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တကောင်း မှ ပြည်သူများအပေါ် ၎င်းပုံပါအတိုင်း လူမဆန်စွာ အကြမ်းဖက် အတင်းကျပ် ခြိမ်းခြောက်ကာ အလှူငွေများအား အလှူခံခဲ့ခြင်း၊ အတင်းအဓ္ဓမ တောင်းခံခြင်းများ ပြုလုပ်ခြင်းမရှိပါ။ Page cb သို့ သီးသန့် လာရောက်လှူသော အလှူငွေများနှင့် သက်ဆိုင်ရာ အကြီးအကဲ၊ ဘဏ္ဍာရေး တာဝန်ခံ အသီးသီးထံမှသာ အလှူငွေကောက်ခံခြင်း၊ လက်ခံခြင်းများကို ပြုလုပ်လျက်ရှိသည် “ လို့ တကောင်း PDF က ရှင်းလင်းထားပါတယ်။

လက်ရှိမှာ တကောင်း PDF ဟန်ဆောင်ပြီး ခြိမ်းခြောက်ငွေညှစ်သူကို အထောက်အထား ခိုင်လုံစွာနဲ့ စုံစမ်းဖော်ထုတ် နိုင်ပြီ ဖြစ်ပြီး ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တကောင်းနယ်ထဲ ခြိမ်းခြောက် ငွေညှစ်တာတွေ ရှိပါက ဒေသခံ ပြည်သေူတွအနေနဲ့ တကောင်း PDF ကို အကြောင်းကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ပေါ်နှင့် မန္တလေးတိုင်း အတွင်းမှာလည်း PDF အယောင်ဆောင်ပြီး ခြိမ်းခြောက်တာ၊ အလှူခံတာနဲ့ PDF တွေကို ပုံဖျက်ဖို့ ကြိုးစားလုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #တကောင်းPDF #PDF #ခြိမ်းခြောက် #ငွေညှစ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ