မန္တလေးမြို့အဝင် အမြန်လမ်းမှာ စစ်အုပ်စုက လာသမျှကား ငွေညှစ်ရင်း ကားနံပါတ်နဲ့ စစ်ဆေး ရှာဖွေနေ၊

မန္တလေးမြို့အဝင် အမြန်လမ်းမှာ စစ်အုပ်စုက လာသမျှကား ငွေညှစ်ရင်း ကားနံပါတ်နဲ့ စစ်ဆေး ရှာဖွေနေ၊

MFP ၊ စက်တင်ဘာ - ၁၀

မန္တလေးမြို့အဝင် ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ စစ်အုပ်စုက လာသမျှ ကားတွေကို ဖမ်းဆီးငွေညှစ်ရင်း ကားနံပါတ်နဲ့ တိုက်ဆိုင်စစ်ဆေး ရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဒိနေ့ စက်တင်ဘာ(၁၀)ရက် နေ့လည်ပိုင်းမှာ အမြန်လမ်း မိုင်တိုင်(၃၂၅)၊ မိုင်တိုင်(၃၄၇)နဲ့ မိုင်တိုင်(၃၄၈)ဝန်းကျင်မှာ စစ်အုပ်စုက ခရီးသွားကားတွေကို တားဆီး စစ်ဆေးနေတာလို့ အမြန်လမ်းပေါ် ဖြတ်သန်း သွားလာခဲ့သူတွေက ဆိုပါတယ်။

ဒါ့အပြင် တံတားဦးမြို့အဝင် အဝိုင်းပတ်နားမှာလည်း ဒီနေ့ မနက်ပိုင်းကတည်းက စစ်အုပ်စုက ကားတွေကို ဖမ်းဆီးစစ်ဆေး ငွေညှစ်နောလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ဒီရက်ပိုင်း မန္တလေးမြို့ အဝင်အထွက်နေရာတွေနဲ့ စစ်ကိုင်းမြို့ အဝင်ဘက်မှာ လက်နက် သယ်ဆောင်လာနိုင်တယ်ဆိုတဲ့ သတင်းတွေဖြန့်ပြီး ခရီးသွားတွေကို ဖမ်းဆီးစစ်ဆေးတာ၊ ငွေညှစ်တာ၊ ကားတွေပေါ် မွှေနှောက် ရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အမြန်လမ်း #တားဆီးစစ်ဆေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ