ကနီနယ်မှာ ဒီနေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး စကစ(၁၅)ယောက် ထက်မနည်း သေ၊ ပြည်သူ့ရဲ့ဘော်တစ်ဦး ဒဏ်ရာရပြီး စိုးရိမ်ရ၊

ကနီနယ်မှာ ဒီနေ့ တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပြီး စကစ(၁၅)ယောက် ထက်မနည်း သေ၊ ပြည်သူ့ရဲ့ဘော်တစ်ဦး ဒဏ်ရာရပြီး စိုးရိမ်ရ၊

MFP၊ သြဂုတ် - ၂၃

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေ ဒီကနေ့ ထိတွေ့တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စကစ (၁၅)ယောက် ထက်မနည်း သေတယ်လို ကနီနယ် ကျောက်လုံးကြီး တပ်မဟာ - KLG – PDF က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၂၃)ရက် မနက်(၈)နာရီက ကနီနယ် ဘုမ္မဇင်ရွာကနေ ချမ်းသာစုရွာဘက် ဝင်မွှေ သောင်းကျန်းတဲ့ အင်အား(၇၀)ခန့်ပါ စစ်အုပ်စုကို ကနီနယ် KLG - PDF နှင့် MPDF-DEMO တပ်ခွဲတို့က မိုင်းထောင် ဖောက်ခွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် နှစ်နာရီ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲကြာချိန် နှစ်နာရီအတွင်း စကစ (၁၅) ကောင်ထက်မနည်း သေဆုံးပါတယ်။ မျက်မြင်ပြောကြားချက်အရ သေဆုံးသွားတဲ့ ခွေးသေများကို ချင်းတွင်းမြစ်အတွင်းသို သဲအိတ်များနှင့် ဖိပြီး မြှုပ်နေကြောင်း ပြောပြပါတယ်။ လက်နက်ခဲယမ်း မပြည့်စုံလို ရဲဘော်များ အောင် မြင်စွာ ဆုတ်ခွာခဲ့ရတယ်" လို ကျောက်လုံးကြီး တပ်မဟာ -KLG-PDF က ဖော်ပြပါတယ်။

အဲ့ဒီနောက် နေ့လည်(၂)နာရီမှာ ကနီနယ် မုံရွာ-ယာကြီးလမ်း မိုင်တိုင်(၃၂)အနီး ရောက်နေတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်အုပ်စုကို ကနီနယ် KLG - PDF နှင့် ဒေသခံ ပ.က.ဖ အဖွဲတွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးရှိနိုင်ပြီး KLG-PDF တပ်ဖွဲ့က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲဘော်တစ်ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကနီနယ်ထဲ လက်နက်အားကိုးနှင့် ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေး တပ်တွေက ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ကနီ #တိုက်ပွဲ #KLGPDF #MPDF_DEMO 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ