မင်းကင်းနယ် ပျူစခန်းကို စီးနင်းတိုက်ခိုက်ရာ စကစ ငါးယောက်သေ၊ သေနတ်သုံးလက် ရရှိ၊

မင်းကင်းနယ် ပျူစခန်းကို စီးနင်းတိုက်ခိုက်ရာ စကစ ငါးယောက်သေ၊ သေနတ်သုံးလက် ရရှိ၊

MFP ၊ နိုဝင်ဘာ - ၁

စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်းမြို့နယ် ရှဲနှင့် သေမသောက်ရွာက စစ်အုပ်စုရဲ့ ပျူစခန်းကို ဒီမနက်ပိုင်း စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ရာ စကစ ငါးယောက် သေပြီး ကာဘိုင်သေနတ် သုံးလက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ - Student's Revolutionary Force (S.R.F) က သတင်း ထုတ်ပြန်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၁)ရက်၊ မနက်(၅)နာရီက ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S.R.F)နှင့် မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - တပ်ရင်း(၁)၊တပ်ရင်း(၄) တို့ ပူးပေါင်းပြီး မင်းကင်းမြို့နယ်၊ ရှဲနှင့် သေမသောက်ရွာက စစ်အုပ်စုရဲ့ ပျူစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ရှဲနှင့် သေမသောက်ရွာ ခေါ် ပျူစောထီး ကျေးရွာရှိ ခွေးစခန်းကို ဝင်ရောက်စီးနင်း နိုင်ခဲ့ပါတယ်။ တိုက်ပွဲကြာမြင့်ချိန်မှာ မိနစ်(၃၀)ခန့်ရှိပြီး စစ်ခွေးဖက်မှ ငါးယောက် အတိအကျ ကျသွားပါတယ်။ တိုက်ပွဲတွင်းမှ Carbine M-2 သုံးလက် သိမ်းဆည်း ရမိခဲ့ပါတယ်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တပ်ဖွဲ့ကတော့ အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ပါပြီ" လို့ S.R.F က ဖော်ပြပါတယ်။

မင်းကင်းနယ်မှာ စစ်အုပ်စုနဲ့ ပျူတွေ ကြီးစိုးသောင်းကျန်းနေပြီး ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေသလို စစ်အုပ်စုကလည်း ပျူတွေကို လက်နက်တပ်ဆင်ပေးကာ ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

သိမ်းဆည်း ရရှိခဲ့တဲ့ သေနတ် သုံးလက်/Photo - SRF

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #မင်းကင်း #SRF #တိုက်ပွဲ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ