မြိုင်-ပခုက္ကူလမ်းမှာ ဗိုလ်အဆင့် စစ်ထောက်လှမ်းရေး တစ်ယောက် အသေ ဖမ်းမိ၊

မြိုင်-ပခုက္ကူလမ်းမှာ ဗိုလ်အဆင့် စစ်ထောက်လှမ်းရေး တစ်ယောက် အသေ ဖမ်းမိ၊

MFP၊ သြဂုတ် - ၂၀

မကွေးတိုင်း၊ မြိုင်-ပခုက္ကူလမ်းပိုင်းမှာ ဒီညနေပိုင်း ဖက်ဆစ်တပ်ရဲ့ ဗိုလ်အဆင့် စစ်ထောက်လှမ်းရေး တစ်ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ် ဖမ်းဆီးခဲ့တယ်လို မြိုင်(ပကဖ)က သတင်း ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ်(၂၀)ရက် ညနေ(၅)နာရီက မြိုင်-ပခုက္ကူလမ်းပိုင်းမှာ ဖက်ဆစ်တပ်ရဲ့ စစ်ထောက်လှမ်း ရေးတစ်ယောက်ကို ဖမ်းဆီးရမိခဲ့တာလို ဆိုပါတယ်။

"ယင်း စစ်ထောက်လှမ်းရေးဟာ မိမိတို့ ရဲဘော်များအား ခုခံထွက်ပြေးတာကြောင့် မိမိအဖွဲမှ လိုက်လံ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေပစ်ခတ် ရရှိခဲ့တယ်"လို မြိုင်(ပကဖ) က ဖော်ပြပါတယ်။

ဖမ်းမိထားတဲ့ ဖက်ဆစ်တပ်ရဲ့ ထောက်လှမ်းရေးထံကနေ စာရွက်စာတမ်းတွေ၊ Go-pro Hero 9 ကင်မရာ တစ်လုံးနှင့် စပ်ဆက်ပစ္စည်းတွေ၊ 4k video camera တစ်လုံး၊ BOYA M1 မိုက်ကရိုဖုန်း တစ်ခု၊ DJI OM4 တစ်ခု၊ Spy camera glass တစ်ခု၊ Tripod တစ်ခု၊ Gopro Hero 9/10 waterproof တစ်ခု၊ အားသွင်းကြိုးမျိုးစုံ၊ ပိုက်ဆံအိတ် တစ်လုံး၊၊ ဖုန်း တစ်လုံး နှင့် ကင်မရာ စပ်ဆက်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရရှိတဲ့ စာရွက်စာတမ်းတွေထဲ့ ဖော်ပြထားချက်အရ အဲဒီ ဖက်ဆစ်တပ်ရဲ့ ထောက်လှမ်းရေးဟာ ဗိုလ်အဆင့်ရှိသူ ဖြစ်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် (၃၂) ခြေလျင်တပ်ရင်းက ဖြစ်ကြောင်း ပါရှိပါတယ်။ ဒါ့အပြင် ၎င်းဟာ မဟာဘွဲလွန် သင်တန်းသား တစ်ဦးဖြစ်ပြီး ပြန်တမ်းဝင်အမှတ် ခရီး သွားခွင့်အမိန့်စာအပါအဝင် သင်တန်းသားစေလွှတ်တဲ့စာနဲ့ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံစာတွေ ပူးတွဲ ပါရှိတယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မကွေး #မြိုင် #ပခုက္ကူ #PDF #ထောက်လှမ်းရေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ