မန္တလေး မြန်မာ့စီးပွါးရေးဘဏ်မှာ စစ်ကောင်စီ သစ္စာခံ ဘဏ်ဝန်ထမ်းက ကျပ်သိန်း(၆၀၀၀)ကျော် အလွဲသုံးစားလုပ်ကာ ထွက်ပြေးဟုဆို

မန္တလေး မြန်မာ့စီးပွါးရေးဘဏ်မှာ စစ်ကောင်စီ သစ္စာခံ ဘဏ်ဝန်ထမ်းက ကျပ်သိန်း(၆၀၀၀)ကျော် အလွဲသုံးစားလုပ်ကာ ထွက်ပြေးဟုဆို

MFP ၊ အောက်တိုဘာ - ၁၇

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၃)လမ်းနှင့် (၂၄)လမ်းထောင့်၊ မြန်မာ့စီးပွါးရေးဘဏ်၊ ဘဏ်ခွဲ(၂) က စစ်ကောင်စီ သစ္စာခံ ဝန်ထမ်းတစ်ဦး ကျပ်သိန်း(၆၀၀၀)ကျော် အလွဲသုံးစားလုပ်ပြီး ထွက်ပြေးနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

မန္တလေး၊ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲ(၂)က စစ်ကောင်စီ သစ္စာခံ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးဟာ ကျပ်သိန်း(၆၀၀၀)ကို တစ်ချီတည်း ထုတ်ယူတာမဟုတ်ဘဲ နည်းနည်းစီ ထုတ်ယူပြီး အောက်တိုဘာလဆန်းမှာ ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

“ အချို့က ကိုယ်တိုင်လာမထုတ်ကြဘူး၊ ဘဏ်ဝန်ထမ်းတွေကိုပဲ လွှဲပြီး ထုတ်ခိုင်းတတ်ကြတယ်၊ ဘယ်ငွေတွေ ဘယ်လို အလွဲသုံးစား လုပ်တယ်ဆိုတာတော့ အတိအကျ မသိဘူး“ လို့ ဘဏ်ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ကျန်ရစ်တဲ့ ဘဏ်ဝန်ထမ်းတွေကို နေ့စဉ်လိုလို စစ်ဆေးနေပြီး အချို့ကို ည (၈) နာရီမှ အိမ်ပြန်လွှတ်ကာ သတင်းမပေါက်ကြားဖို့ ခြိမ်းခြောက်နေတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့စီးပွါးရေးဘဏ်၊ မန္တလေး ဘဏ်ခွဲ(၂) ရှေ့မှာ တွေ့၇တဲ့ စစ်ကောင်စီ သစ္စာခံ လက်နက်ကိုင်တချို့/Photo - CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မြန်မာ့စီးပွါးရေးဘဏ် #ဘဏ်ခွဲ၂ #အလွဲသုံးစား

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ