မတ္တရာမှာ စစ်အုပ်စု မိုင်းဆွဲခံရပြီးနောက် ရေမြောလာတဲ့ အမျိုးသား အလောင်းနှစ်လောင်း တွေ့၊ စစ်အုပ်စုက နေအိမ် ခုနှစ်လုံးကို မီးရှို့ပြီး ပြည်သူတွေကို ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊

မတ္တရာမှာ စစ်အုပ်စု မိုင်းဆွဲခံရပြီးနောက် ရေမြောလာတဲ့ အမျိုးသား အလောင်းနှစ်လောင်း တွေ့၊ စစ်အုပ်စုက နေအိမ် ခုနှစ်လုံးကို မီးရှို့ပြီး ပြည်သူတွေကို ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊

MFP ၊ အောက်တိူဘာ - ၂၁

မန္တလေးတိုင်း၊ မတ္တရာမြိုနယ်အရှေ့ခြမ်း၊ ကျောက်ဆည်လေး ကျေးရွာအနီးမှာ မနေ့က နေ့လည်ပိုင်း စစ်အုပ်စု မိုင်းဆွဲခံရပြီးနောက် လက်ပြုတ်ကြိုးတုပ်ကာ ဦးခေါင်းပွင့်ထွက် ဒဏ်ရာတွေနဲ့ ရေမြောင်းအတွင်း မြောပါလာတဲ့ အမျိုးသား အလောင်းနှစ်လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ရောမြောလာတဲ့ နှစ်လောင်းအနက် တစ်လောင်းကို ဆယ်ယူနိုင်ခဲ့ရာမှာ ဦးခေါင်းတစ်ခြမ်းဖွင့်ထွက်နေပြီး လက်နှစ်ဖက်ကို ပုဆိုးနဲ့ လက်ပြန်ကြိုးတုပ်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆယ်ယူနိုင်ခဲ့တဲ့ တစ်လောင်းဟာ အသက်(၂၀)ကျော်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး မည်သူမည်ဝါ အတိအကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ(၁၉)ရက် မနက်ပိုင်းက မတ္တရာနယ် အုတ်ဖိုရွာသစ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုး အောင်ဝင်းကြီး (အသက် ၄၀ခန့်) အသတ်ခံရပြီးနောက် စစ်အုပ်စုက ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ အုတ်ဖိုရွာသစ်၊ ကျောက်ဆည်လေး စတဲ့ ရွာတွေထဲ ဝင်မွှေလုယက် သောင်းကျန်းနေတယ်လို့ ဆိုပါတယ်။ မနေ့က အောက်တိုဘာ(၂၀)ရက် မနက်ပိုင်းမှာ အင်အား (၈၀)လောက်နဲ့ မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတဲ့ စစ်အုပ်စု ကျောက်ဆည်လေးရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အခုလို အလောင်းနှစ်လောင်း ရေထဲ မြောလာတာလို့ ဆိုပါတယ်။

အလောင်းတွေဟာ မည်သူမည်ဝါ အတိအကျ မသိရသေးပေမယ့် မိုင်းထိသေတဲ့ စကစ အလောင်းတွေကို အရပ်သားပုံစံ ဖန်တီးထားတာမျိုး ဖြစ်နိုင်တယ်လို ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့နဲ့ နီးစပ်ရာ ဖမ်းခေါ်သွားတဲ့‌လူတွေ၊ ဒေသခံတွေရဲ့ ပုံတွေနဲ့ တိုက်ကြည့်တယ်လေ။ အဲ့ဒါတော့ မဟုတ်ဖူးဗျ။ အလောင်းက ရေထဲမြောလာတာ နှစ်လောင်းလို့ ပြောတယ်။ တစ်လောင်းပဲ ကျွန်တော်တိုက တွေ့လိုက်တာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်၊၊

မနေ့က ကျောက်ဆည်လေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စကစ သုံးဦးခန့် သေတယ်လို တိုက်ခိုက်ခဲ့တဲ့ နတ်ဆိုးနဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထုတ်ပြန်ထားပါယ်။

စစ်အုပ်စုကလည်း မတ္တရာယန်ထဲ ထင်တိုင်းကျဲ သောင်းကျန်းနေပြီး အောက်တိုဘာ(၁၉)ရက် မနက်ပိုင်းမှာ ကျောက်ဆည်လေးကျေးရွာက နေအိမ် ခုနစ်လုံးကို မီးရှိဖျက်ဆီးခဲ့သလို ကျောက်ဆည်လေးရွာနှင့် လမ်းသွားလမ်းလာ ပြည်သူ အနည်းဆုံး (၂၀)ကျော်ကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပါတယ်။

စစ်အုပ်စု သောင်းကျန်းနေလို့ ကျောက်ဆည်လေးရွာ အပါအဝင် မတ္တရာနယ် အရှေ့ခြမ်း ကျေးရွာတွေက ပြည်သူ ရာနဲ့ချီကာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ကင်းရွာ #ကျောက်ဆည်လေး #အလောင်း 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ