ထီးချိုင့်တံတား ဂိတ်အစောင့် စစ်အုပ်စုက ဖမ်းဆီးငွေညှစ်နေလို့ ပြည်သူတွေ အခက်တွေ့နေ၊

ထီးချိုင့်တံတား ဂိတ်အစောင့် စစ်အုပ်စုက ဖမ်းဆီးငွေညှစ်နေလို့ ပြည်သူတွေ အခက်တွေ့နေ၊

MFP ၊ အောက်တိုဘာ - ၁၃

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုအနီး၊ ဧရာဝတီ မြစ်ကူးတံတားမှာ ဂိတ်အစောင့်ကျနေတဲ့ စစ်အုပ်စုက စိုက်ပျိုးရေး လုပ်ငန်းအတွက် အသုံးပြုဖို့ ဓာတ်ဆီ၊ ရေနံဆီ သယ်ယူခွင့် မပြုဘဲ ပြည်သူကို အဓမ္မ ဆက်ကြေးတောင်း၊ ငွေညှစ်နေတာကြောင့် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ သတင်း ရရှိပါတယ်။

ထီးချိုင့်မြိုအနီး ကျေးရွာတွေက ဒေသခံ တောင်သူတွေဟာ စိုက်ခင်းတွေမှာ အသုံးပြုဖို့အတွက် ထီးချိုင့်မြို့ပေါ်က စက်သုံးဆီ ဝယ်ယူရာမှာ ထီးချိုင့်တံတား အနောက်ဘက်ထိပ်ရှိ စစ်အုပ်စုက အဓမ္မ ငွေညှစ်နေတာလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်က စတင်ပြီး တံတားဂိတ်အစောင့် စစ်အုပ်စုက စက်သုံးဆီ သယ်ယူသူတွေကို ငွေညှစ်နေတာ ဖြစ်ပြီး ပေပါခွံအလွတ်တစ်လုံးကို (၂၀၀၀)ကျပ်နဲ့ ဆီပေပါတစ်လုံးကို ကျပ်(၁၀၀၀၀) တောင်းယူနေတာလို့ ဆိုပါတယ်။

"ထီးချိုင့်တံတားထိပ်ကနေ စောင့်ပြီး တောင်းတာ။ ငွေမပေးရင် ဖြတ်လို့မရဘူးလို့" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ကျွန်းတောင်သူတွေ စိုက်ပျိုးရာသီ ရောက်နေပြီ ဖြစ်တဲ့အတွက် ‌စက်သုံး ရေနံဆီ ပိုမိုလိုအပ်လာပြီး မဖြစ်မနေ သွားရောက် ဝယ်ယူနေရတဲ့အပေါ် အခုလို ငွေကြေးတောင်းခံနေတာကြောင့် တောင်သူတွေ အခက်အခဲ ဖြစ်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ထီးချိုင့်နယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဓားပြတိုက်၊ အိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်နေသလို အခုလို ဂိတ်တွေ ဖွင့်ပြီးတော့လည်း ဒေသခံတွေကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်နေတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ထီးချိုင့် #ထီးချိုင့်တံတား #တောင်သူ #စက်သုံးဆီ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ