MFP ၊ သြဂုတ် - ၁၅
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ မနေ့ညပိုင်းက စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ အများအပြား သေကာ လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက် ရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၁၄)ရက် ညပိုင်းက ပင်လည်ဘူးမြို့နယ် ပလူသာရွာထဲ စီးနင်းအထိုင်ချနေတဲ့ စစ်အုပ်စုကို ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ခွေးတစ်ကောင်လည်း မိတယ်။ အများကြီးလည်း ရလိုပ်တယ်။ နည်းတော့နည်းတယ် ပင်လည်ဘူး 15.8.22.ပွဲ “ ဆိုပြီး ဒေသကာကွယ်ရေး အဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။
အသေးစိတ် အတည်မပြုနိုင်သေးပေမယ့် စကစ (၄၀)ကျော် သေတယ်လို့ သတင်းကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။
“ယမန်နေ့ည ပင်လည်ဘူးမြို့နယ် ပလူသာကျေးရွာတွင် တပ်ဆွဲထားသော စခစန်းအား ပလဘ အဖွဲ့က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ရာတွင် စခ အလောင်းအများအပြား ကျဆုံးပြီး အလောင်းများစွာဖြင့် စခများ ပင်လည်ဘူးမြို့ပေါ်သို့ ထွက်ပြေးကြသည်ဟု သိရပါသည်။ လက်နက်များ၊ ကျည်ဆန်အများအပြားနှင့် ခြင်းကြားများ သိမ်းဆည်း ရမိထားပါသည်။ စခအလောင်းများလည်း မကောက်နိုင်လောက်အောင် တွေ့ရပါသည်။ အကောင် (၅၀) မှာ (၄၇) ကောင် မသာပေါ်သွားပြီဟုလည်း သတင်းပို့ထား” လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ပင်လည်ဘူး တိုက်ပွဲအပြီး ဖမ်းမိတဲ့ စကစနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ/Photo - ဇော်အောင်
( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)
#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပင်လည်ဘူး #တိုက်ပွဲ #လက်နက် #ခဲယမ်း #ပကဖ #PDF