မန္တလေးမှာ လူထုကို ခြိမ်းခြောက်တရားဟောနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

မန္တလေးမှာ လူထုကို ခြိမ်းခြောက်တရားဟောနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

MFP ၊ စက်တင်ဘာ - ၃

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်ထဲမှာ စက်တင်ဘာလ (၁)ရက်က လူထုကို ခြိမ်းခြောက်တရားဟောနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF က သတင်းထုတ်ပြန်ပါတယ်။

မဟာနွယ်စဉ်ရပ်ကွက်ထဲက ဗောဓိကုန်းဘုရားဝင်းထဲက ဓမ္မာရုံမှာ စစ်အုပ်စုနဲ့အတူ သတင်းပေးတွေ၊ ထောက်တိုင်တွေ စုပေါင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်တရားဟောနေချိန် ဗုံးထုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုခန့် မြို့နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး ဦးဘိုဘိုဟန် နဲ့ ရာအိမ်မှူး ဦးညွှန့်လွင် အပါအဝင် လေးဦးဟာ မစိုးရိမ်ရာ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ပေးမယ့် စုံစမ်းချက်အရ လူအများအပြား ဒဏ်ရာရရှခဲ့ပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံတင်ထားရတယ်လို့ သိရကြောင်း MDY-PDF က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကို MDY-PDF နဲ့အတူ People’s Dictatorship Revolutionary Force-PDRF က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်တဲ့နေရာတွေကို သတိထားရှောင်ရှားကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံ တောင်းဆိုထားပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မဟာနွယ်စဉ်ရပ်ကွက် #လူထုကိုခြိမ်းခြောက်တရားဟော #ဗုံးထုတိုက်ခိုက်ခံရ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ