တောင်သာနယ် နန်းမြင့်တောင် စကစဂိတ်ကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်၊ စကစ လေးယောက် ထိဟုဆို၊

တောင်သာနယ် နန်းမြင့်တောင် စကစဂိတ်ကို လက်နက်ကြီးနဲ့ ဝင်ရောက်ပစ်ခတ်၊ စကစ လေးယောက် ထိဟုဆို၊

MFP ၊ စက်တင်ဘာ - ၁၂

မန္တလေးတိုင်း တောင်သာမြို့နယ် နန်းမြင့်တောင်မှာ ဂိတ်ဖွင့်ပြီး ပြည်သူကို ဖမ်းဆီး ငွေညှစ်နေတဲ့ စစ်အုပ်စုကို စက်တင်ဘာ (၉)ရက် ညနေပိုင်က လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာ စကစ လေးယောက် ထိခိုက်မှု ရှိတယ်လို့ နွားထိုးကြီးနယ် Natogyi People Defence Forve - NPDF က သတင်း ထုတ်ပြန်ပါတယ်။

“အသိုက်ကိုဖျက်ရင် အသက်ကို ပြန်လုမယ့် တတိယမြောက် တောကျီးကန်း စစ်ဆင်ရေး” အဖြစ် နန်းမြင့်တောင် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စကစ လေးယောက် ထိခိုက်ပေမယ့် သေဆုံးသူ စာရင်းကိုတော့ စုံစမ်းနေဆဲပဲလို့ NPDF က ဆိုပါတယ်။

တော်ငသာနယ်က နန်းမြင့်တိုးဂိတ်မှာ ပေါက်ကွဲမှု ဖြစ်ပြီး စကစ လေးောက်ထိတယ်လို့ သတင်းကြားရပေမယ့် ဖြစ်စဉ် အခြေအနေ အတိအကျ မသိရသေးဘူးလို့ တောင်သာဒေသခံတွေက ဆိုပါတယ်။

“အသိုက်ကို ဖျက်ရင် အသက်ကို လုမယ့်” နွားထိုးကြီး NPDF ရဲ့ ပထမအကြိမ် တောကျီးကန်း စစ်ဆင်ရေးအဖြစ် စက်တင်ဘာ(၂)ရက်က နွားထိုးကြီးနယ် ပြင်စည်ရွာ စာသင်ကျောင်းထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူကို မိုက်ကြေးခွဲ၊ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာ စကစ လေးယောက် သေပြီး တစ်ယောက် ဒဏ်ရာ ရတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဒုတိယအကြိမ် တောကျီးကန်စစ်ဆင်ရေးအဖြစ် စက်တင်ဘာ(၄)ရက်က နွားထိုးကြီးမြို့နယ် ဝက်လူးရွာထဲ စီးနင်းအထိုင်ချနေပြီး ပြည်သူတွေကို ညှဉ်းပန်း ငွေညှစ်နေတဲ့ စစ်အုပ်စုကို လက်နက်ကြီးနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့ရာမှာလည်း စကစ သုံးယောက် သေပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ နွားထိုးကြီး NPDF က ထုတ်ပြန်ထားပါတယ်။

ပြင်စည်ရွာထဲ စီးနင်းအထိုင်ချနေတဲ့ စကစတွေ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ပြင်စည်ရွာကို ပိတ်ဆို့ကာ ညနေ(၆)နာရီကနေ မနက်(၆)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ထားသလို ပြည်သူတွေကို ရွာ အဝင်အထွက် ခွင့်မပြုဘဲ ထင်တိုင်းကျဲ ညှဉ်းပန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ် နန်းမြင့်တောင်/Photo – CJ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #နွားထိုးကြီး #တောင်သာ #နန်းမြင့်တောင် 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ