စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ကန့်ဘလူ ဇီးကုန်းက ပျူခေါင်းဆောင်၊ အုပ်ကြီးတစ်ယောက် ပစ်ခတ် ရှင်းလင်းခံရ၊

စစ်အုပ်စုနှင့် ပေါင်းပြီး သောင်းကျန်းနေတဲ့ ကန့်ဘလူ ဇီးကုန်းက ပျူခေါင်းဆောင်၊ အုပ်ကြီးတစ်ယောက် ပစ်ခတ် ရှင်းလင်းခံရ၊

MFP ၊ သြဂုတ် - ၁၈

အာဏာသိမ်း ဖက်ဆစ်တပ်နှင့် ပူးပေါင်းကာ ဒေသတွင်း လုယက်၊ ဓားပြတိုက် ၊ လူသ-တ် သောင်းကျန်းနေတဲ့ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့က ပျူစောထီးခေါင်းဆောင်၊ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ငရွှီး ခေါ် ညိုဝင်းနိုင် ဆိုသူကို မနေ့က ပစ်ခတ် ရှင်းလင်း လိုက်တယ်လို့ Kanbalu Underground Warriors အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

သြဂုတ်(၁၇)ရက် မနေ့က မနက်(၇)နာရီက ဇီးကုန်းမြို၊ ချမ်းအေးသာယာရပ်ကွက် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင် ငရွှီး ခေါ် ညိုဝင်းနိုင် နှင့် အခြားပျူတစ်ယောက်တို့ လက်ဘက်ရည်ဆိုင် ထိုင်နေချိန် ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

“ဇီးကုန်းရွှေမြို့တော်၏ ကျက်သရေဆောင် ပျူခေါင်းဆောင်အုပ်ကြီး ငရွှီး(ခ)ညိုဝင်းနိုင်ကို အကြမ်းဖက် လုပ်ငန်းများ ရပ်တန့်ရန် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ဆက်လက် ကျူးလွန်နေသောကြောင့် Kanbalu Underground Warriors အဖွဲ့မှ နှုတ်ခမ်းနီ ငါးတောင့်ဖြင့် နောက်နောင် မရွှီးနိုင်အောင် အရောင်တင် ပေးခဲ့ပါသည်။ ကန့်ဘလူမြို့နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် Non-CDM များ စကစ ယန္တရားမှ နှုတ်ထွက်ကြရန် အသိပေးကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါသည်” လို့ Kanbalu Underground Warriors အဖွဲ့က ဖော်ပြပါတယ်။

စေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် ပျူခေါင်းဆောင် ငရွှီး ဟာ ဆီးခုံ ကျည်ထိကာ သေဆုံးတာ ဖြစ်ပြီး အခြား ပျူတစ်ယောက်ကတော့ ပေါင်မှာ ဒဏ်ရာရပေမယ့် မသေသေးဘူးလို့ ဆိုပါတယ်။

“စခလက်ပါးစေ ပျုခေါင်းဆောင်အုပ်ကြီး ညိုဝင်းနိုင်(ခေါ်)ငရွှီးအား Kanbalu Underground Warriors အဖွဲ့မှ ကျည် ငါးတောင့် အဆုံးရှုံးခံပြီး ငရဲပို့ပေးခဲ့ကြောင်း သိရ၍ အလွန်ဝမ်းမြောက်မိပါတယ်ဗျ။ ဘေးက ပျူတစ်ကောင်လည်း လက်မောင်း ကျည်ထိမှန်ဟု သိရပါတယ်ဗျ။ ကန့်ဘလူ-ကျွန်းလှက တလရ အဖွဲ့တွေ ဘာလုပ်နေလဲ မမေးနဲ့ ငါတို့လာတာ ခြေသံလုံတယ်” လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်အုပ်စုနှင့် ပျူတွေ ဇီးကုန်းမြိုကပေါ် လှည့်လည် သောင်းကျန်းနေလို့ ပြည်သူတွေ အပြင် မထွက်ရဲဘဲ မနေ့က တမနက်လုံး လမ်းသွားလမ်းလာ ကျဲပါးကာ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကန့်ဘလူနယ်ထဲက ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းပြီး ဒေသခံတွေကို အကြမ်းဖက်နည်း သင်တန်းပေးကာ ပျူစောထီးတွေ အဖြစ် လက်သပ်မွေးပြီးနောက် ဒေသတွင်း ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းရာမှာ အဲ့ဒီ ပျူတွေကို ခေါ်ယူအသုံးချကြောင်းနှင့် စစ်အုပ်စုက ပျူတွေကို ခိုးရာပါ ပစ္စည်းတွေ ခွဲဝေပေးပြီး လက်သပ်မွေးထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူနယ်၊ ဇီးကုန်းမြို့က ပျူခေါင်းဆောင်၊ စကစ အုပ်ကြီး ငရွှီးဆိုသူ ပစ်ခတ် ရှင်းလင်းခံရစဉ်/Photo – S

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ရွှေဘို #ကန့်ဘလူ #ဇီးကုန်း #အုပ်ကြီး #PDF

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ