လေကြောင်းအားကိုးပြီး သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာမှာ ဆန္ဒပြ၊

လေကြောင်းအားကိုးပြီး သောင်းကျန်းနေတဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာမှာ ဆန္ဒပြ၊

MFP ၊ သြဂုတ် - ၂၀

ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ အားကိုးပြီး စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝန်းက ပြည်သူတွေကို ရန်ပြု တိုက်ခိုက် သောင်းကျန်း ဖျက်ဆီးနေတဲ့ ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ဒီမနက်ပိုင်း မုံရွာမြို့မှာ လူငယ်တွေ စုပေါင်းချီတက် ဆန္ဒပြခဲ့ပါတယ်။

May be an image of 6 people, people standing and outdoorsဖက်ဆစ်တပ် အမြစ်ဖြတ်ရေး မုံရွာလူငယ်များစည်းရုံး၊ မုံရွာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ နှင့် မုံရွာတော်လှန် လူငယ်များ ကွန်ရက်တို့ ပူးပေါင်းပြီး ချီတက်ခဲ့ကြတာပါ။

“အကြမ်းဖက် လူသတ်စစ်ကောင်စီဟာဆိုရင် စစ်ကိုင်းတိုင်းကို လေကြောင်းကနေတမျိုး မြေပြင်ကနေတသွယ် နည်းအမျိုးမျိုးဖြင့် စစ်ကြောင်းထိုးကာ မိဘပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေကို မီးရှို့ဖျက်ဆီး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ဖိနှိပ်နေတာကို မိဘပြည်သူတို့ မြင်တွေ့ရ၊ ကြားသိရမှာပါ။ အကြမ်းဖက်စစ်တပ်ဟာ မနိုင်နိုင်ရာကနေ အမျိုးမျိုး ဖိနှိပ်နေပေမဲ့ ပြည်သူတွေရဲ့ တော်လှန်စိတ်ဟာ ဘယ်တော့မှ ပြိုလဲသွားမှာ မဟုတ်ကြောင်း ကြွေးကြော်ကာ မုံရွာမြို့ရဲ့လမ်းမတွေထက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါသည်” လို့ မုံရွာ လူငယ်များ အစည်းအရုံးက ဖော်ပြပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မုံရွာ #လူငယ် #လူထုသပိတ် #PeopleStrike 

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ