စဉ့်ကိုင်မှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ပျူခေါင်းဆောင်ကို ပစ်ခတ် ရှင်းလင်း၊

စဉ့်ကိုင်မှာ စစ်အုပ်စုနဲ့ ပေါင်းပြီး ပြည်သူကို ရန်ပြုသောင်းကျန်းနေတဲ့ ပျူခေါင်းဆောင်ကို ပစ်ခတ် ရှင်းလင်း၊

MFP ၊ စက်တင်ဘာ - ၂၀

မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်ထဲ စစ်အုပ်စုနှင့် ပေါင်းကာ ပြည်သူကို ရန်ပြု သောင်းကျန်းနေတဲ့ မိုးကောင်းရွာက ပျူခေါင်းဆောင် မောင်ချို ဆိုသူကို ဒီမနက်ပိုင်း ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြစ်ငယ် MN PDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စုက ဖွဲ့ပေးထားတဲ့ ပြည်သူ့စစ် အမည်ခံ ပျူအဖွဲ့ရဲ့ ခေါင်းဆောင်နေရာ ယူထားသူ မောင်ချိုဟာ ဒေသခံတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတာ၊ PDF တွေ ရှိတဲ့နေရာ စုံစမ်းပြီး စစ်အုပ်စုကို သတင်းပေးရုံမက ရှေ့ကနေ လမ်းပြအဖြစ် လုပ်တာ၊ လောင်းကစားဝိုင်းတွေဖွင့်ပြီး ဆက်ကြေးကောက်ကာ စစ်အုပ်စုနဲ့ ခွဲဝေယူတာ၊ ရွာအဝင်အထွက် ဂိတ်ဖွင့်ပြီး ခရီးသွားတွေကို မိုက်ကြေးခွဲ ငွေညှစ်တာတွေ ကျူးလွန်နေတဲ့အတွက် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုနှင့် ပေါင်းပြီး ပြည်သူအပေါ် အနိုင်ကျင့် ရန်ပြု သောင်းကျန်းနေတဲ့ ပျူခေါင်းဆောင် မောင်ချိုကို မြစ်ငယ် MN PDF ၊ LPDF စဉ့်ကိုင် နှင့် Zamani Revolution Force တို့ ပူးပေါင်းပြီး ဒီမနက်ပိုင်းမှာ သေနတ်နဲ့ ကိုးချက် ပစ်ခတ်ကာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

မြစ်သား၊ စဉ့်ကိုင်နှင့် ပုလိပ်မြို့ အပါအဝင် ကျောက်ဆည်နယ်ထဲ စစ်အုပ်စုက ပြည်သူကို ထင်တိုင်းကျဲ ရန်ပြု သောင်းကျန်း သ-တ်-ဖြတ်နေသလို စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

စဉ့်ကိုင်မြို့အဝင်/Photo – KZ

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #စဉ့်ကိုင် #ပျူ #မိုးကောင်း

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ