မန္တလေးက သတင်းပေးတစ်ယောက်ကို သေနတ်နဲ့ ရှင်းလင်းပစ်ခတ်ရာ ကျည်မထွက်တာကြောင့် ဓားနဲ့ခုတ်

မန္တလေးက သတင်းပေးတစ်ယောက်ကို သေနတ်နဲ့ ရှင်းလင်းပစ်ခတ်ရာ ကျည်မထွက်တာကြောင့် ဓားနဲ့ခုတ်

MFP ၊ ဩဂုတ် - ၂၂

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၊ ၆၁ လမ်း၊ ၁၂၇ လမ်းနဲ့ ၁၂၈ လမ်းကြားမှာနေထိုင်တဲ့ စစ်အုပ်စုသတင်းပေး ဦးသောင်းထွန်းဆိုသူကို ဩဂုတ်လ (၂၀)ရက် ညနေပိုင်းမှာ သေနတ်နဲ့ ရှင်းလင်းပစ်ခတ်ခဲ့ရာ ကျည်မထွက်တာကြောင့် ငှက်ကြီးတောင်ဓားနဲ့ ဝင်ခုတ်ခဲ့တယ်လို့ MDY Eagle Warrior အဖွဲဲ့က သတင်းထုတ်ပြန်ပါတယ်။

ဦးသောင်းထွန်းဟာ နေအိမ်ရှေ့ထွက်ထိုင်နေချိန် ညနေ ငါးနာရီခွဲလောက်မှာ ရှင်းလင်းခဲ့တာဖြစ်ပြီး ဓားနဲ့ခုတ်ခဲ့တဲ့အတွက် လည်ပင်းကို ထိခိုက်မိသွားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦး ရောက်လာပြီး ပစ္စတိုနဲ့ ပစ်ခတ်ချိန် ကျည်မထွက်တာကြောင့် ဓားရှည်နဲ့ ဝင်ရောက်ခုတ်စဉ်မှာ ဦးသောင်းထွန်းက ဝင်လုံးပြီး ပြန်ခုခံကာ အော်ဟစ်အကူအညီတောင်းတဲ့အတွက် လာရောက်တဲ့လူတွေ ထွက်ပြေးသွားကြတယ်လို့ စစ်အုပ်စုဘက်ကလည်း ထုတ်ပြန်ထားပါတယ်။ အဲဒီထုတ်ပြန်ချက်မှာတော့ ဦးသောင်းထွန်းမှာ ဘယ်ဘက်ဒူးပွန်းပဲ့ ဒဏ်ရာပဲ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

( Mandalay Free Press – MFP က တင်ဆက်တဲ့ ရုပ်သံ သတင်းတွေကို ယူကျူ့ https://www.youtube.com/c/MandalayFreePressMFP မှာလည်း ကြည့်ရှု့နိုင်ပါတယ်။)

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သတင်းပေးရှင်းလင်း #ဓားနဲ့ဝင်ခုတ်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ