မေမြို့မှာ ငါးလောင်းပြိုင် လူသ-တ်မှု ဖြစ်၊ သေဆုံးသူတွေထဲ ကလေးငယ်တွေ ပါဝင်၊

မေမြို့မှာ ငါးလောင်းပြိုင် လူသ-တ်မှု ဖြစ်၊ သေဆုံးသူတွေထဲ ကလေးငယ်တွေ ပါဝင်၊

MFP ၊ စက်တင်ဘာ - ၁၈

စစ်အုပ်စု ကြီးစိုးထားတဲ့ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ မနေ့ညက ငါးလောင်းပြိုင် လူသ-တ်မှု ဖြစ်ပွါးခဲ့ပြီး သေဆုံးသူတွေထဲ အသက်(၁၃)နှစ်ဝန်းကျင် ကလေးနှစ်ဦး ပါဝင်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြင်ဦးလွင်မြိုနယ်၊ အနီးစခန်းအနီး၊ စည်ကားကျေးရွာက ကြက်မွေးမြူရေး ခြံတစ်ခြံမှာ ငါးလောင်းပြိုင် လူသ-တ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေသူတွေကို ဒီနေ့ စက်တင်ဘာ(၁၈)ရက် မနက်ပိုင်းမှာ တွေ့ရှိရတာလို့ ရုပ်အလောင်းတွေ သွားရောက်သယ်ယူရာမှာ ပါဝင်ခဲ့တဲ့ တုသိတာ လူမှုကူညီရေးအသင်းက ဖော်ပြပါတယ်။

သေဆုံးသူ ငါးဦးမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီး တစ်ဦးနှင့် (၁၃)နှစ်ဝန်းကျင် ကလေးနှစ်ဦး ဖြစ်ပြီး ကလေးတစ်ဦးဟာ ဒီမနက် ဆေးရုံကို ပို့ဆောင်ချိန်မှ သေဆုံးသွားတာလို့ တုသိတာ လူမှုကူညီရေး အသင်းက ဆိုပါတယ်။

သေဆုံးသူ ငါးယောက်ဟာ မိသားစုဝင်တွေ ဖြစ်ပြီး ပြင်ဦးလွင်မြို၊ ရပ်ကွက်ကြီး (၁၇)၊ ထုံးဘိုကုန်းရပ်ကွက်မှာ နေထိုင်သူတွေ ဖြစ်ကာ စည်းကားရွာ ကြက်ခြံမှာ အငှားလုပ်ကိုင်ကြတာ ဖြစ်ကြောင်း၊ အသတ်ခံရသူ အမျိုးသားနှစ်ဦးဟာ သမီးယောက်ဖ တော်စပ်ကြောင်း တုသိတာ အသင်းက ဆိုပါတယ်။

ဘာကြောင့် အသတ်ခံရတယ် ဆိုတာ မသိရသေးသလို ဘယ်သူတွေက ကျူးလွန်တယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“မနေ့ညပိုင်းက ဖြစ်ခဲ့တာလို့ သိရတယ်၊ ဘေးက လူတွေက ဒီမနက်မှ သိကြတာတဲ့၊ ဘာကြောင့် သတ်တာလဲဆိုတာတော့ မသိရသေးဘူး “ လို့ အနီးစခန်း ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #ပြင်ဦးလွင် #အနီးစခန်း #စည်ကားရွ

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ