သီတင်းကျွတ် လပြည့်နေ့မှာ မန္တလေးသပိတ်အင်အားစု ချီတက် ဆန္ဒပြ၊

သီတင်းကျွတ် လပြည့်နေ့မှာ မန္တလေးသပိတ်အင်အားစု ချီတက် ဆန္ဒပြ၊

MFP ၊ အောက်တိုဘာ - ၉

Photo - Simple Light

“ပြည်သူသာ အမိ၊ ပြည်သူသာ အဖ၊ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” ဆိုတဲ့ စာသားနှင့်အတူ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်း မန္တလေးမြို့အနှံ့ စစ်အုပ်စုက ပြည်သူကို ဖမ်းဆီးစစ်ဆေး သောင်းကျန်းနေတဲ့ကြားက မန္တလေးသပိတ်အင်အားစု ရဲဘော်တွေ စုပေါင်းပြီး ဖက်ဆစ်တပ် အမြစ်ဖြတ်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သတင်း ရရှိပါတယ်။

" တော်လှန်ပြည်သူတစ်ရပ်လုံးကို အလေးအမြတ်ဂါရဝပြုကာ စစ်တပ်ထုတ်ကုန် Boycott လုပ်ရန် နှင့် အကြမ်းဖက် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ သပိတ်မှောက်ကြရန်"လည်း မန္တလေး သပိတ်အင်အားစုက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #သပိတ် #လူထုသပိတ် #PeopleStrike

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ