မတ္တရာက စစ်အုပ်စု သတင်းပေး ရာအိမ်မှူးသားအဖ ပစ်ခတ်ခံရပြီး သားဖြစ်သူ သေဆုံး၊

မတ္တရာက စစ်အုပ်စု သတင်းပေး ရာအိမ်မှူးသားအဖ ပစ်ခတ်ခံရပြီး သားဖြစ်သူ သေဆုံး၊

MFP ၊ စက်တင်ဘာ - ၁၈

မန္တလေးတိုင်း မတ္တရာမြို့နယ် ရွှေဘောင်ကျေးရွာက စစ်အုပ်စု သတင်းပေးအဖြစ် လုပ်နေတဲ့ ရာအိမ်မှူး သားအဖကို မနေ့ညက နေအိမ်ထဲ ဝင်ရောက် ရှင်းလင်းခဲ့ရာ ဖခင်ဖြစ်သူ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့(RDDF)က သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၇) ရက် ည (၈)နာရီက မတ္တရာမြို့နယ် ရွှေဘောင်ရွာက ရာအိမ်မှူး ဗိုလ်မြင့်နှင့် သားဖြစ်သူတို့ကို မတ္တရာမြို့နယ် တော်လှန်ရေးအင်အားစု RDDF က သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ထဲ ဝင်ရောက်စဉ် ရာအိမ်မှူးရဲ့ မိန်းမ၊ ကလေးငယ်နဲ့ သမီးဖြစ်သူ ကိုယ်ဝန်ဆောင်တို့က တားဆီးတာကြောင့် မိသားစု အသက်ကိုငဲ့လိုက်တဲ့အတွက် ဗိုလ်မြင့်က ထွက်ပြေးလွတ်မြောက် သွားပြီး သားဖြစ်သူကိုတော့ ရှင်းလင်းလိုက်နိုင်တယ်လို့ ဖော်ပြပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်လော်ဘီတွေကတော့ မတ္တရာနယ်က ရာအိမ်မှူး ဗိုလ်မြင့်ရဲ့သားဖြစ်သူ အသက် (၁၇) နှစ်အရွယ် ဗိုလ်အံချီဆိုသူကို PDF တွေက နေအိမ်ထဲ ဝင်ရောက်ပြီး ပစ်ခတ်တာကြောင့် ပေါင်နှစ်ဖက်မှာ ကျည်ထိမှန် ဒဏ်ရာတွေ ရရှိပြီး ဆေးရုံပို့ဆောင်ချိန် သေဆုံးခဲ့တယ်လို့ သတင်းဖြန့်ပါတယ်။

မတ္တရာနယ်ထဲ စစ်အုပ်စုက ဒေသခံ ပြည်သူတွေကို ဥပဒေမဲ့ ထင်တိုင်းကျဲ ဖမ်းဆီး သ-တ်-ဖြတ်နေသလို စစ်အုပ်စုနှင့် ဆက်နွှယ်သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #မတ္တရာ #ရာအိမ်မှူး #စစ်အုပ်စုသတင်းပေး

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း သတင်းများ အထူးပြုတင်ဆက်သည့် အမှီအခိုကင်းသည့် မီဒီယာ